မနှစ်က Macbook Pro Retina တွေကို upgrade အတွက် dual core ကနေ quad core တွေအထိမြင့်ပေးလာတယ်။ 13 လက်မ Macbook Pro ဆိုရင်လဲ RAM ကို 32GB အထိမြင့်လို့ရလာအောင် upgrade လုပ်ပေးလာပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ Macbook Pro ကို နောက် size အသစ်တစ်ခုနဲ့ထွက်မယ်ပြောကြတယ်။ အရင်က Macbook Pro Retina မထွက်ခင်က Macbook Pro ကို 13 လက်မ၊ 15 လက်မ နဲ့ 17 လက်မဆိုပြီးထုတ်ပါတယ်။ 2012 Macbook Pro Retina စတော့ 17 လက်မတွေပျောက်သွားပြီး ဒီနှစ်မှာ ဟိုမရောက် ဒီမရောက် size ဖြစ်တဲ့ 16 (သို့) 16.5 လက်မ Macbook Pro Retina ကိုထုတ်မယ်လို့ကြားရတယ်။
နောက်ပြီး high performance PC ဖြစ်တဲ့ Mac Pro ကိုလည်း ဒီနှစ်မှာ upgrade လုပ်မယ်လို့ကြားရပါတယ်။ ပြီးတော့ 2016 လောက်မှာထုတ်လုပ်မှုနဲ့ အရောင်းရပ်သွားတဲ့ thunderbolt Mac monitor တွေကို ဒီနှစ်မှာအသစ်ပြန်လည်ထွက်ရှိတော့မယ်တဲ့။ အခုအသစ်ထွက်ရှိမယ့် Apple external monitor က 6K ကို 31.6 လက်မ display နဲ့ပြန်လည်ထွက်ရှိမယ်လို့ကြားရပါတယ်။ Apple monitor ရဲ့ display ကတော့တော်တော်ကောင်းပါတယ်။ ဒါပေမယ့် အရောင်းရပ်ပြီး 27 လက်မ 5K LG monitor တွေကို Apple Store မှာလဲတင်ရော သုံးတဲ့လူတွေ နည်းသွားတယ်တင်တာပဲ။ ဒါကတော့ သေချာတာ September event မှပဲတွေ့ရဖို့များပါတယ်။



0 Comments