အခု ရေပန်းအစားဆုံး phone software အကြောင်းအရာကို မေးရင်တော့ Dark Mode လို ့ပဲပြောရမယ်။ မကြာသေးခင်က Facebook Messenger မှာ လည်း Dark mode ကို ထည့်သွင်းလိုက်ပြီးပြီဆိုတော့ ဒီတစ်ခါတော့ Twitter အလှည့်ပေါ့။ ဒါပေမယ့် iPhones အတွက်ပဲ အရင် release ဖြစ်လာတာဆိုတော့ Android သမားတွေအတွက်တော့ စိတ်မကောင်းစရာပဲ။
Twitter ရဲ့ dark mode ကို Light Out လို ့နာမည်ပေးထားပြီး သူ့official twitter မှာ ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် twitter ရဲ့ Lights Out Dark mode က OLED display တွေအတွက် battery အားကုန်တာကိုသက်သာစေတဲ့အပြင် မျက်လုံးညောင်းညာတာကိုသက်သာစေနိုင်မယ့်အကြောင်းကို twitter က ပြောထားပါသေးတယ်။



0 Comments