Google က ဒီနှစ် April Fool အတွက် Snakes လို့ခေါ်တဲ့ မြွေဂိမ်းကို Google Maps ထဲထည့်ပေးလိုက်ပါတယ်။ အရင် ပိုကီမွန်တွေလိုက်ဖမ်းရတဲ့ဂိမ်းလိုပဲ Google Maps app ထဲမှာ ကစားရတဲ့ mini game လေးပေါ့။ စမ်းဆော့ကြည့်ပြီးပြီလား? ဒီဂိမ်းဘယ်အချိန်ထိရမယ်တော့မသိဘူးနော် ရတုန်းဝင်ဆော့ကြည့်လိုက်ဦးပေါ့၊ အထူးသဖြင့်ကားပိတ်ချိန်တွေပေါ့။ Browser မှာကစားလို့ရအောင်လဲ သူ့သီးသန့်website ထားပေးထားသေးတယ်နော်။