Facebook ရဲ့နောက်ဆုံး app အသစ်ဖြစ်တဲ့ Study ဆိုတဲ့ app နဲ့လူတစ်ယောက်ရဲ့ နေ့စဉ်ဖုန်းအသုံးပြုပုံကိုလေ့လာနေပါတယ်။ သင်ဖုန်းအသုံးပြုနေတာကို လေ့လာမှာဆိုတော့ သင့်ရဲ့ personal data တွေအကုန်မြင်ရမှာပေါ့။ ဒါပေမယ့် သူတို့ကိုပေးလေ့လာတဲ့အတွက်လေ့လာခ ဝင်ငွေတော့ပြန်ရမယ်။ နာရီပိုင်းနဲ့လား၊ ရက်ပိုင်းနဲ့လားတော့မသိဘူး။
လောလောဆယ် ဒီ program ကို အမေရိကန်နှင့်အိန္ဒိယမှာရှိတဲ့ android user တွေကိုပဲစမ်းသပ်နေပါသေးတယ်။ လူတိုင်းလျောက်လို့တော့မရဘူး။Facebook Study ကြော်ငြာသင့်ဆီရောက်လာမှတာ ကြော်ငြာကနေတစ်ဆင့် ဒီ program ကိုလျောက်ရမှာပါ။
သင်ဝင်ပါပြီဆိုရင်တော့ ဒီ Study app ကနေ သင့်ရဲ့ နေရာ၊ ဖုန်းအမျိုးအစား၊ network နှင့် ဖုန်းအသုံးပြုချိန်တွေကို လေ့လာသွားမှာနော်။ အဲတော့ ဒီမှာသူတို့လေ့လာတော့မယ်ဆိုရင် သတိထားဖို့မမေ့နဲ့ပေါ့။ ပြီးတော့ ကြိုက်တဲ့အချိန် cancel ပြန်လုပ်လို့လဲရတယ်တဲ့။

source: The Verge