CCW မီဒီယာအုပ်စု ၏ ထိပ်တန်း OTT ဗီဒီယို ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Viu မှ ကိုယ်ပိုင်ရှပ်ရှင်ဇာတ်လမ်းများ ဖန်တီးမည့် ကတိကဝတ်အား ထပ်လောင်းအတည်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်းထွက်ရှိမည့် ကိုယ်တိုင်ထုတ်လုပ် Viu Orignal ဇာတ်ကား (၈)ကား နှင့် ယခုနှစ်အတွင်း scripted နှင့် non-scripted ဇာတ်လမ်းတွဲပေါင်း (၈၀) ကျော်အားပြသရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။
Viu Orignal ဇာတ်ကားများတွင် ဟောင်ကောင်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် အရှေ့အလယ်ပိုင်းဒေသမှ ထုတ်လုပ်ရေးများ ပါဝင်မည်။ ၂၀၁၈ ခုနှစ်အတွင်း လစဉ်ပုံမှန်ကြည့်ရှုသူ သန်း (၃၀) အထိ နှစ်ဆ နီးပါးတိုးလာပြီး ဗွီဒီယို ကြည့်ရှုချိန် ၁၂၀% နီးပါးတိုးမြင့်လာပြီးနောက် Viu Original ဇာတ်ကားများ ထပ်တိုး ထုတ်လုပ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
Viu Orignal ဇာတ်ကားများတွင် ဟောင်ကောင်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် အရှေ့အလယ်ပိုင်းဒေသမှ ထုတ်လုပ်ရေးများ ပါဝင်မည်။ ၂၀၁၈ ခုနှစ်အတွင်း လစဉ်ပုံမှန်ကြည့်ရှုသူ သန်း (၃၀) အထိ နှစ်ဆ နီးပါးတိုးလာပြီး ဗွီဒီယို ကြည့်ရှုချိန် ၁၂၀% နီးပါးတိုးမြင့်လာပြီးနောက် Viu Original ဇာတ်ကားများ ထပ်တိုး ထုတ်လုပ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
Viu Original များဖြစ်သော The Publicist (အင်ဒိုနီးရှား) ၊ The Bridge (မလေးရှား) ၊ အသစ်ထွက်ရှိထားသော No Sleep No FOMO (စင်ကာပူ /အာရှပစိဖိတ်) နှင့် 4Freaks 4Fam (ထိုင်း) အစရှိသော ဇာတ်လမ်းများ၏အောင်မြင်မှုအား ၂၀၁၉ ခုနှစ်တွင်လည်း စိတ်လှုပ်ရှားဖွယ်အစီအစဉ်များ ပေါ်ထွက်လာဦးမည် ဖြစ်သည်။ ယနေ့တွင် Viu မှ Viu Original အသစ် ၈ ခုအားကြေညာခဲ့သည်။
Till Death Do Us Part (ဟောင်ကောင်) ဆုရမင်းသမီး Sheren Tang ပါဝင်သည်
The Gutter (ဟောင်ကောင်) ရှပ်ရှင်ဆုရရှိသူများနှင့် ဆန်ခါတင် များဖြစ်သည့် Hanjin Tan, Michelle Wai နှင့် Catherine Chau ပါဝင်သည်
Psycho Detective 2 (ဟောင်ကောင်) ဒေသခံနာမည်ကြီးမင်းသား Adam Cheng နှင့် နာမည်ကြီး TV မင်းသား Michael Tao ၂၆ နှစ်အကြာတွင် ပြန်လည်ပူးပေါင်းပါဝင်သည်
Rewrite (အင်ဒိုနီးရှား) ဆိုရှယ်မီဒီယာ ကြယ်ပွင့် Maxime Bouttier ပါဝင်သည်
Baha Don (မလေးရှား) ဆုရ ဒါရိုက်တာ Kye Syed Fariz မှရိုက်ကူးထားသည်
Kopitiam (မလေးရှား) ဆုရရုပ်မြင်သံကြား ဟာသဇာတ်လမ်းတွဲအပေါ် အခြေခံ၍ရိုက်ကူးထားသည်
The Grill (အိန္ဒိယ) အင်ဂျင်နီယာ ကောလိပ် ပထမနှစ်ကျောင်းသားတစ်ယောက် အကြောင်းဇာတ်လမ်းတွဲ
The Zodiac (အရှေ့အလယ်ပိုင်းဒေသ) နာမည်ကျော်စာရေးစရာ Dr. Ahmed Khalid Tawfiq ရေးထားသည့် ဝတ္တုအား အခြေခံ၍ရိုက်ကူးထားသည်
“Viu Original ကကျွန်မတို့ အစီအစဉ်တွေရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ Viu ရဲ့ သန်း (၃၀)ကျော် ရှိတဲ့ အသုံးပြုသူတွေ ကြိုက်နှစ်သက်စွာ ကြည့်ရှှု ကြလို့ Viu Orginals တွေ ထပ်မံထုတ်လုပ်ဖြစ်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆို Viu Original ရဲ့သုံးစွဲသူ ၃၀ ရာခိုင်နှုန်းက အသုံးပြုသူ အသစ်တွေပါ။ ပြည်တွင်းမှာရှိတဲ့အနုပညာရှင်တွေ ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ပူးတွဲပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ Original ဇာတ်ကား (၈၀) ကျော် ထုတ်လွှင့်ဖို့ လုပ်ဆောင်နေပါတယ်။ Viu Original ဇာတ်လမ်းတွဲ တွေကနေတဆင့် ကွဲပြားခြားနားတဲ့ဖန်တီးမှုတွေနဲ့ ဒီလုပ်ငန်းခွင်ထဲမှာ ပိုပြီးဆန်းသစ်တဲ့ တီထွင်မှုတွေ ပူးပေါင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။” ဟု PCCW Media ၏ Managing Director Ms. Janice Lee မှပြောခဲ့သည်။
ဥပမာအားဖြင့် ခရီးသွားအစီအစဉ်ဖြစ်သည့် No Sleep No FOMO တွင် အာရှအနုပညာရှင် ၁၀ ယောက်နှင့် Social Media Influencer များမှ ကမ္ဘာတဝှမ်းလုံးရှိ လူကြိုက်များသောနေရာများတွင် Mission အမျိုးမျိုးယှဉ်ပြိုင်ကြသည်။ ပရိသတ်များမှလည်း သူတို့ Idol များ၏ခရီးစဉ်တလျှောက် ရှုတင်လုပ်နေစဉ် Instagram မှတဆင့်ပါဝင်ကူညီခဲ့ကြပြီး အစီအစဉ်၏ အပိုင်းအစများအား ကူညီဖန်တီးပေးခဲ့သည်။ အနုပညာရှင်များ၏ လူမှုကွန်ယက်ပေါ်ရှိ ပရိတ်သတ်များ၏ ကျေးဇူးကြောင့် No Sleep No Fomo ၏ Social Media Post များသည် Social Engagement (၁) သန်းကျော်ရရှိခဲ့ပြီး ကြည့်ရှှုသူ ၁၄ သန်းကျော်ရရှိခဲ့သည်။ ဤအစီအစဉ်၏ အောင်မြင်မှုကြောင့် ထိပ်တန်း ကွန်ယက် တစ်ခုဖြစ်သည့် Discovery ဖြင့် ပူးပေါင်းမှုဖြစ်ပေါ်ခဲ့ပြီး အသစ်သစ်သော ပရိသတ် များဆီသို့ တိုးချဲ့နိုင်မည်ဖြစ်သည်။
“ကျွန်မတို့ Discovery နဲ့အတူ ပူးပေါင်းခွင့်ရရှိလို့ အင်မတန် ဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းမှုကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ Original အစီအစဉ် တွေကို Online ကနေ ကြည့်ရှှုနိုင်ရုံသာမက ဘယ် Platform မှ မဆို ကြည့်ရှုတဲ့ ပရိတ်သတ်တွေရှိတယ်ဆိုတာ ဖော်ပြလိုက်ပါတယ်”ဟု Ms.Lee မှ ပြောကြားခဲ့သည်။
ပရီမီယမ်ဖြစ်သည့် Original အပိုင်းရှည် ထုတ်လုပ်မှုများအပြင် Viu Original များမှတဆင့် ပြည်တွင်းထုတ်လုပ်ရေး ဖန်တီးမှုများ နှင့် လုပ်ငန်းခွင်များ အား ဖွံ့ဖြိုးတိုးတက်လာစေရန် ထောက်ပံ့ပေးရန် ရည်မှန်းသည်။ အင်ဒိုနီးရှားတွင် တက်သစ်စ ရှပ်ရှင်ထုတ်လုပ်သူများ ၄င်းတို့၏ ဖန်တီးမှုများအား ပြသနိုင်ရန် နှစ်စဉ်ကျင်းပသည့်ပွဲဖြစ်သည့် Viu Pitching Forum ကို ကျင်းပလျက်ရှိသည်။ အဆိုပါ forum မှ web series နှစ်ခုဖြစ်သည့် Halustik နှင့် Knock Out Girl အား Viu ကြည့်ရှှုသူများအတွက် ထုတ်လွှင့်ပေးပြီးဖြစ်သည်။ မကြာသေးမီက ကြေညာလို်က်သည့် Star Stealer သည် ၂၀၁၉ Viu Pitching Forum တွင်ဆုရရှိခဲ့ပြီး မကြာခင် ထုတ်လုပ်မှုစတင်သွားမည်ဖြစ်သည်။ Viu Pitching Forum ၏အောင်မြင်မှုကြောင့် လူငယ်ဖန်တီးရှင်များ ၏ မတူကွဲပြားမှုများနှင့် ဆန်းသစ်တီထွင်မှုများကို အားပေးသော အစီအစဉ်တစ်ခုဖြစ်သည့် ViuShorts! ကိုလည်း စတင်ခဲ့သည်။



0 Comments