ပထမဆုံးတစ်ခုက APK Mirror ပါ။ သူက Android Police လို့ခေါ်တဲ့ android သတင်းတွေတင်တဲ့ website ကပြုလုပ်ထားတဲ့ website ပါ။ နောက်တစ်ခုကတော့ APK Pure လို့ခေါ်တဲ့ website လေးပါပဲ။ နှစ်ခုလုံးက စိတ်ချရပေမယ့် apk file တွေမသွင်းခင် virus ကိုတော့တစ်ချက်စစ်တာ ပိုစိတ်ချရတယ်။ ဘာလို့လဲဆိုတော့ ဒီ app တွေက Google Play Protect အောက်မဟုတ်တော့လို့ပါ။ ဒါနဲ့ app တွေသွင်းတဲ့အချိန် ကိုယ့်ဖုန်း OS version နဲ့ရမရလဲစစ်ဖို့မမေ့နဲ့ဦးနော်။ Version အရမ်းနိမ့်နေရင်တော့ app အချို့ကတော့သွင်းလို့ရတော့မှာမဟုတ်ဘူး။




0 Comments