အကယ်၍သင့် password ဟာ ၁၂၃၄၅၆ ဖြစ်နေမယ်ဆိုရင်တော့ အမြန်ဆုံးပြောင်းလဲဖို ့အချိ်န်တန်ပါပြီ။ ဘာလို့လဲဆိုတော့ ၁၂၃၄၅၆ ဟာ ကမ္ဘာပေါ်မှာ လူအများဆုံးသုံးတဲ့ password လို့ UK ‘s National Cyber Security Centre ( NCSC) က ပြုလုပ်ထားတဲ့ သုတေသနစစ်တမ်း ပြုစုချက်အရ သိရှိရပါတယ်။ ဒါတင်မကပါဘူး လူနာမည်၊ အားကစားအသင်းနဲ့ကျိန်ဆဲတဲ့စာလုံးတွေကိုလဲအသုံးများတယ်လို့သိရတယ်။ NCSC ရဲ ့သုတေသနစာတမ်းအရ ၁၂၃၄၅၆ ကို Password အဖြစ် လူပေါင်း 23.2 million က အသုံးပြုနေပြီး ၁၂၃၄၅၆၇၈၉ ကိုတော့ လူ 7.7 million ကျော်အသုံးပြုနေကြတယ်လို့သိရတယ်။ Top 10 အသုံးများတဲ့ password က နံပါတ်တွေကိုပေါင်းထားတာ ဒါမှမဟုတ် character နဲ့ နံပါတ်တွေကိုပေါင်းတဲ့ဟာမျိုးကိုတွေ့ရပါတယ်။
Top 10 အသုံးများတဲ့ password တွေကတော့
1. 123456
2. 123456789
3. qwerty
4. password
5. 111111
6. 12345678
7. abc123
8. 1234567
9. password1
10. 12345 တို့ပါပဲ။
ပြီးတော့ "iloveyou" "monkey" နဲ့"dragon" က top 20 အသုံးများတဲ့ password ထဲမှာပါပါတယ်။ ဒီလို password တွေကခန့်မှန်းရလွယ်ကူပြီး သင့် account ကို hack ချင်တဲ ့သူတွေ အတွက်ကအေးဆေးဖြစ်စေတာပေါ့။ အရမ်းခက်တဲ့ password တွေမစဉ်းစားနိုင်ရင် password ကိုသင်ကိုယ်တိုင်တာသိပြီး မှတ်ရလွယ်ဟာပဲထားတာက ပိုစိတ်ချရပါတယ်။ ကဲ....လိုအပ်ရင်တော့ password တွေပြောင်းတော့နော်။
Source: CNN Business



0 Comments