Android ဖုန်းတွေမှာ Google Play Music ဆိုပြီး Music player အနေနဲ့ရော Spotify တို့ Apple Music တို့လို subscription service အနေနဲ့ရောသုံးလို့ရတဲ့ Google app တစ်ခုအမြဲပါလာတာရှိတယ်။ Google က အခုနောက်ပိုင်းထွက်မည့် Android 9 နဲ့ Android 10 ဖုန်းတွေမှာ အဲ့ Google Play Music အစား YouTube Music ကိုပြောင်းထည့်ပေးတော့မှာပါတဲ့။ ဘာလို့လဲဆိုတော့ YouTube Music မှာ သီချင်းတွေက Google Play Music ထက်ပိုများတဲ့အပြင် YouTube video တွေပါတစ်ခါထဲကြည့်လို့ရတော့ သုံးစွဲသူတွေပိုအဆင်ပြေတာပေါ့။ Google Play Music ကတော့လောလောဆယ် Play Store မှာရှိနေသေးပေမယ့် နောက်တစ်နှစ်နှစ်လောက်ဆိုရင် Google က support လုပ်ပေးတော့မှာမဟုတ်လောက်တော့ဘူး။ YouTube Music က အိန္ဒိယမှာတော့အခုချိန် free streaming ရပေမယ့် ကြားမှာကြော်ငြာတွေတော့ပါမယ်။ Download လုပ်နားထောင်ချင်ရင်တော့ လစဉ်ကြေးပေးရတာပေါ့။ အိန္ဒိယမှာက တစ်လ Rs.99 ဆိုတော့ 2000 ကျပ်ဝန်းကျင်လောက်ကျမယ်။