လွန်ခဲ့တဲ့တစ်နှစ်ကမှထွက်ရှိခဲ့တဲ့ DC ရဲ့ Aquaman ရုပ်ရှင်ဟာ DC ရဲ့အအောင်မြင်ဆုံး Live Action ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်သွားခဲ့ရုံသာမက ရုပ်ရှင်လောကမှာ ရုံဝင်ငွေအများဆုံးရရှိခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် Aquaman ဟာ ရုံဝင်ငွေအမြတ်စုစုပေါင်း ဒေါ်လာ ၁ ဘီလီယံရခဲ့တဲ့အပြင် Jason Momoa အနေနဲ့ Aquaman အဖြစ် ဇာတ်ရုပ်ဇာတ်ကောင်ပီပြင်မှုအောင် သရုပ်ဆောင်ပြောင်မြောက်ခဲ့တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေ အားလုံးအကြိုက်တွေ့ခဲ့တာ အမှန်ပါပဲ။
Arthur Curry (Aquaman) ရဲ့ ထီးနန်းဆက်ခံရာမြေဟာ အခြားဘယ်လောကမှာမှမဟုတ်ဘဲ ရေအောက်ကမ္ဘာ Atlantis ဖြစ်တဲ့အကြောင်းကို Aquaman ဇာတ်ကားမှာ ဒါရိုက်တာ James Wan က Jason Momoa နဲ့အတူ အတွဲညီစွာ ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီ Atlantis မှာရှိတဲ့ seven undersea kingdoms ကိုလဲတွေ့ခဲ့ရတယ်ဆိုတော့ သူ့တို့ရဲ့ဇာတ်လမ်းကတော့အများကြီးတွေ့ရဦးမှာပေါ့။ Arthur မရောက်လာခင်အချိန်က ထီးနန်းကိုအာဏာနဲ့သိမ်းထားပြီး Aquaman ဇာတ်လမ်းအပြီးမှာ အကျဉ်းကျနေတဲ့ Aquaman ရဲ့အစ်ကိုဖြစ်သူ King Orm ရဲ့ဇာတ်လမ်းကရော ဘယ်လိုလာမလဲ? အနာဂတ်မှာပြန်လည်ထွက်ပေါ်လာဦးမယ့် Black Manta ကရော ဘယ်လိုမျိုးတွေ ဒုက္ခပေးဦးမလဲ? ပရိသတ်တွေကြိုက်တဲ့ Justice League ဇာတ်ကောင်တွေရောပါလာဦးမလား? အစရှိတဲ့ကွင်းဆက်တွေကို အရင်တစ်ကားထပ်ပိုပြီးကြီးကျယ်အောင် ဘယ်လိုမျိုး ရိုက်ပြသွားဦးမလဲဆိုတာကောတ့ Aquaman 2 မလာခင်အထိတော့ DC ရဲ့ ပရိသတ်တွေအားလုံးက စောင့်ဆိုင်းနေရတော့မှာပါပဲ။



0 Comments