Battle Royale ဂိမ်းအမျိုးအစားဖြစ်ပေမယ့် မိုဘိုင်းဖုန်းတွေထဲမှာထည့်သွင်းပြီး သွားသွားလာလာအချိန်မရွေးဆော့ကစားနိုင်တာကြောင့် PUBG Mobile လို ဂိမ်းမျိုးတွေဟာ အင်တာနက်နဲ့မိုဘိုင်းအသုံးများတဲ့ လူငယ်တွေကြားမှာ ပေါက်ရောက်နေဆဲဖြစ်ပါတယ်။ အဲဒီလိုဂိမ်းတွေထဲမှာမှ မထွက်ရှိလာခင်အချိန်တုန်းကတည်းက အပစ်အခတ်ကြိုက်နှစ်သက်သူတွေနဲ့ မိုဘိုင်းဂိမ်းဆော့သူတွေစောင့်ဆိုင်းနေတဲ့ Call of Duty: Mobile ဂိမ်းဟာလည်း လူကြိုက်များတဲ့ဂိမ်း တစ်ခုအပါအဝင်ဖြစ်လာမယ်လို့ အားလုံးကသုံးသပ်ထားကြပါတယ်။ အဲဒီလိုနဲ့ အောက်တိုဘာလ ၁ ရက်နေ့အချိန်မှာ ထွက်ရှိခဲ့တဲ့ Call of Duty: Mobile ဟာ ထွက်ရှိပြီး အချိန် ၂၄ နာရီအကြာမှာပဲ မမျှော်လင့်ထားတဲ့ အံ့မခမ်းရလဒ်တွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ ရရှိခဲ့တဲ့ Call of Duty: Mobile ဂိမ်းရဲ့ဆွတ်ခူးနိုင်မှုတွေကတော့ -
အမေရိကန်နိုင်ငံအပြင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ လူအာရုံစိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ပထမဦးဆုံး app အဖြစ် ရပ်တည်နေတယ်။
၂၄ နာရီအပြီးခန့်မှန်းခြေအရတော့ ဂိမ်းကို install လုပ်ထားမှုနှုန်းဟာ အရေအတွက် ၃ မီလီယံရှိနေတယ်။ (လက်ရှိအချိန်တွက်ချက်ထားတဲ့ ဒေတာများအရ ၂၂ မီလီယံကျော်ရှိနေ)
စျေးကွက်အရကြည့်မယ်ဆိုရင် အမေရိကန်ကန်အတွင်းမှာ Revenue Rank #58 ဒါမှမဟုတ် နံပါတ် ၅၈ နေရာရောက်ရှိသွားတယ်။
ဒါတွေကတော့ ၂၄ နာရီအတွင်းရရှိခဲ့တဲ့ Call of Duty: Mobile ဂိမ်းရဲ့ ဒေတာတွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပါတ်အကြာမှာတော့ အခုထပ်ပိုပြီးအံ့သြစရာကောင်းတဲ့ရလဒ်တွေ ထွက်လာဦးမယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ကဲ ဒီတော့ အားလုံး အောက်တိုဘာလ ၁ ရက်နေ့ကထွက်ထားတဲ့ Call of Duty: Mobile ကို ဆက်ဆော့ပြီး ဘယ်လိုမျိုးသတင်းတွေကို ကြားရမလဲဆိုတာ နားစွင့်ထားကြစို့လေ။



0 Comments