Huawei Mate 30 နှင့် Mate 30 Pro ကတော့ စက်တင်ဘာလ 26 ရက်ကစပြီး တရုတ်နိုင်ငံမှာစတင်ရောင်းချနေပေမယ့် 5G version တွေတော့မပါသေးပါဘူး။ ဒီအောက်တိုဘာလ 23 ရက်ကစပြီး တရုတ်နိုင်ငံမှာ Huawei Mate 30 5G နှင့် Mate 30 Pro 5G ကိုစတင်ရောင်းခခဲပြါပြီ။ စျေးနှုန်းတွေအနေနဲ့ကတော့ Mate 30 က CNY 4,999(ငွေကျပ် 10 သိန်းဝန်းကျင်) ကစပြီး Mate 30 Pro 5G ကတော့ CNY 6,899(ငွေကျပ် 15 သိန်းဝန်းကျင်) ကစပါတယ်။ Pre-order ကို တရုတ်အချိန် 18:08 မိနစ်မှာစတင်လက်ခံပြီး နိုဝင်ဘာလ 1 ရက်နေ့မှရရှိမှာပါ။ ဒီ Huawei Mate 30 series ကတော့ US-China tradewar ကြောင့် အားလုံးသိတဲ့အတိုင်းပဲ International အလုံးတွေမှာ Google services မပါတော့ဘူး။ အဲ့တော့ဒီကိုဝင်လာမယ်ဆိုရင်လဲ Google services မရတော့ဘူးပေါ့။ သူ့ ကင်မရာကြောင့် ဝယ်မယ့်လူတွေရှိကြဦးမှာလားစောင့်ကြည့်ရတာပေါ့။