၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာမှ ထွက်ရှိခဲ့တဲ့ Captain Marvel ရဲ့ အသစ်စက်စက် comic အခန်းအရ Captain Marvel လို့လူတွေသိကြတဲ့ Carol Danvers ရဲ့ ဇာတ်ကြောင်းကေတော့ အတော်လေးကိုအပြောင်းအလဲတွေဖြစ်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ ဟိုအရင်ကပြည်သူတွေအားလုံးရဲ့ အားပေးထောက်ခံချက်နဲ့ အစိုးရကပေးထားတဲ့ကာကွယ်ရေးရာထူးကို ရရှိထားတဲ့ Captain Marvel အနေနဲ့ သူမဟာ လူသားတစ်ဝက် Kree မျိုးနွယ်စုတစ်ဝက် ဖြစ်တယ်ဆိုတာကို မီဒီယာဖြန့်ကျက်မှုကတစ်ဆင့် တစ်ကမ္ဘာလုံးက သိရှိခဲ့လို့ပါပဲ။ အဲဒီလိုမျိုးကိစ္စတွေအပြီးမှာ ရုတ်ချည်းဆိုသလို သူမမှာရှိတဲ့အစွမ်းတွေ ဆုတ်ယုတ်လာခဲ့ပြီး လှိျု့ဝှက်ပြီးအစွမ်းထက်တဲ့ Star ဆိုတဲ့လူစွမ်းကောင်းတစ်ယောက် သူမနေရာကို တဖြည်းဖြည်းဝင်ယူလာခဲ့ပါတယ်။ Captain Marvel ရဲ့အစွမ်းကိုလည်း ဆုတ်ယုတ်အောင်လုပ်နိုင်တယ်၊ သူ့ဘာသာသူလည်း အစွမ်းထက်တယ်ဆိုတော့ Star ဆိုတာ ဘယ်သူများလဲ?
အဲဒါကတော့ တခြားမဟုတ်ပါဘူး၊ Captain Marvel ရဲ့ရန်သူတော်တစ်ယောက်ဖြစ်တဲ့ Nuclear Man ကို ရင်ဆိုင်တိုက်ခိုက်တုန်းက အနိုင်ရအောင် ကူညီပေးခဲ့တဲ့ သတင်းထောက်မလေး Ripley Ryan ပဲ ဖြစ်ပါတယ်။ Kree နည်းပညာကြောင့် Captain Marvel ရဲ့အစွမ်းတွေကို တဖြည်းဖြည်းလျော့နည်းလာအောင် လုပ်နိုင်ခဲ့ပေမယ့် တကယ်တမ်းမှာ Ripley Ryan ဟာ လူစွမ်းကောင်းတစ်ယောက်အဖြေစ် နေရာဝင်ယူမယ့်သူမျိုးမဟုတ်ပါဘူး၊ သူမဟာ စိတ်သဘောထားနဲ့ ဒီကမ္ဘာကြီးအပေါ်မှာမြင်တဲ့အမြင်ကို superhero လောကအရကြည့်မယ်ဆိုရင် သူမဟာ အန္တရာယ်များတဲ့ ဗီလိန်တစ်ယောက်ဖြစ်ပါတယ်။ Ripley Ryan ကို သမရိုးကျလူစွမ်းကောင်းမလေးတွေထဲက တစ်ယောက်လို့ မထင်လိုက်ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ သူမအတွက် ဒီလက်ရှိလောကကြီးတစ်ခုရဲ့ ဖြစ်ပျက်သမျှ အမှန်တရားကို လိုသလိုပြုလုပ်နိုင်ပါတယ်၊ အားလုံးက သူမဆီမှာ Reality Stone ရှိတယ်လို့ ထင်မှတ်ကြပေမယ့် တကယ်တမ်းမှာ သူမရဲ့ခန္ဓာနဲ့ဖြစ်တည်မှုကိုယ်တိုင်က Reality Stone ဖြစ်နေတာပါ။ ဒါကြောင့်မို့ Captain Marvel နဲ့တိုက်ခိုက်ရင်း ရှုံးနိမ့်ခဲ့အပြီး The Raft အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားခဲ့ရင်းကနေ လက်ရှိအဖြစ်အပျက်ကို Reality Stone အစွမ်းနဲ့ ပြန်လည်ပြင်ဆင်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ Captain Marvel ရဲ့ ဇာတ်လမ်းအစ Chapter 1 မှာကတည်းက Ripley Ryan က Reality Stone ဖြစ်နေတာလား ဒါမှမဟုတ် မကြာသေးခင်ကမှ Reality Stone ဖြစ်သွားခဲ့တာလားဆိုတာကောတ့ ရှေ့့ဆက်အနာဂတ်မှာလာမယ့် Star ရဲ့တစ်ကိုယ်တော် comic တွေမှာ ကြည့်ရတော့မှာပါပဲ။




0 Comments