Realme ကနေ Realme 3 နှင့် 3 Pro ထွက်ပြီးနောက် Snapdragon 710၊ AMOLED display၊ In display fingerprint၊ pop up selfie camera နှင့် USB Type C fast charging ပါတဲ့ Realme X 8GB 128GB ကို သြဂုတ်လတုန်းက 449,000 Ks နဲ့ရောင်းချပေးခဲ့တယ်။ ဒါပေမယ့် Realme X က China exclusive ဖုန်းဖြစ်နေတော့ ဒီကိုလာတဲ့ ဖုန်းတွေက China ROM တွေဖြစ်နေရော။ အခုတစ်ခေါက်တော့ Realme 5 နှင့် 5 Pro ရောက်လာပြန်ပြီဆိုတော့ ဒီနှစ်ကုန်ခောက်မှာ Realme X2 ဝင်လာနိုင်ဦးမှာလားမသိဘူး။ Realme X2 က တရုတ်ဖုန်းဆိုတော့ China ROM ဖြစ်လို့ Realme X2 တော့ အရင်တစ်ခေါက်လိုမျိုးလာမှာမဟုတ်လောက်ဘူး။ ဒါပေမယ့် အိန္ဒိယမှာရောင်းတဲ့ Realme XT က Global ROM ဖြစ်လို့ ဝင်ရင်ဝင်လာနိုင်ပါသေးတယ်။ ဒါလဲ ဒီမှာ Realme X လို တောင်းဆိုတဲ့လူများမှဖြစ်လာနိုင်မှာနော်။ ငွေကျပ် 4 သိန်းခွဲ (သို့) 5 သိန်းဝန်းကျင်နဲ့ Snapdragon 700 series ရယ် AMOLED display ရတဲ့ဖုန်းဖြစ်တဲ့အပြင် ကင်မရာလေးလုံးပါသေးတာဆိုတော့ မြန်မာစျေးကွက်အတွက်လဲကိုက်တဲ့ စမတ်ဖုန်းလို့ပြောလို့ရပါတယ်။ လောလောဆယ်တော့ Realme X တုန်းက Global ROM မရတဲ့ပြဿနာကြောင့် Realme XT (သို့) X2 ကိုမြန်မာနိုင်ငံသွင်းဖို့ အစီအစဉ်မရှိသေးဖူးလို့ကြားရတယ်။ ဒီတော့ ဒီ Realme XT (သို့) X2 ကို Global ROM နဲ့လာမယ်ဆိရြင် ဝယ်ချင်တဲ့လူတွေရှိကြလား?