Greedfall ဂိမ်းကိုဘယ်သူတွေကဖန်တီးရေးဆွဲပြီး ဘယ်သူတွေကထုတ်လုပ်ဖြန့်ချိမှာလဲ?
ပြင်သစ်နိုင်ငံအခြေစိုက်ဖြစ်ပြီး သစ်လွင်တဲ့အိုင်ဒီယာ၊ ဂိမ်းဒီဇိုင်းတွေနဲ့ ဂိမ်းဖန်တီးသူအသစ်အဖွဲ့ဖြစ်တဲ့ Spiders Development ကနေ ဒီဂိမ်းကို ရေးဆွဲဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ငြိမ်သက်တဲ့ဇာတ်ကြောင်းနဲ့ ဆက်စပ်စဉ်းစားရင်းဂိမ်းအရှေ့ကိုဆက်ရတဲ့ ကစားဟန်နဲ့ ပရိသတ်တစ်ချို့ရဲ့အားပေးမှုကို ရရှိခဲ့တဲ့ Sherlock Holmes ဂိမ်းစီးရီး၊ TrackMania, Runaways အစရှိတဲ့ဂိမ်းများရဲ့ နောက်ကွယ်က Focus Home Interactive ကုမ္ပဏီက အခု Greedfall ဂိမ်းကိုထုတ်လုပ်ပေးမှာဖြစ်တဲ့အတွက် နောက်ထပ်လာမယ့် Greedfall ရဲ့ခြေလှမ်းတွေကို ဂိမ်မာများက စောင့်ကြည့်ရတော့မှာပါ။
ကိုလိုနီဆန်ဆန် ၁၇ ရာစုတစ်ဝိုက်မှာ တည်ထားတဲ့ဇာတ်အိမ်နဲ့ ရှိရှိသမျှဂိမ်းတွေထဲက ကွဲထွက်တဲ့ဂိမ်းပုံစံ
တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ဂိမ်းလောကတစ်လျှောက်မှာ စစ်နဲ့သမိုင်းကို ထပ်ဟပ်တဲ့ဂိမ်းမျိုးနဲ့ ပရိသတ်အသည်းစွဲ Assassin’s Creed စီးရီးလောက်ပဲ ကိုလိုနီအငွေ့အသက်ကို ထည့်သွင်းထားတာဖြစ်ပါတယ်၊ ဒါတောင်အရမ်းကိုနည်းပါးလွန်းတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Greedfall ဂိမ်းဟာ အခုလို ၁၇ ရာစုသမိုင်းကာလရဲ့ ကိုလိုနီခေတ်ကို ဂိမ်းနောက်ခံဇာတ်အိမ်တည်ထားတာဟာ အားလုံးရဲ့စိတ်ဝင်စားမှုကို အရှင်းကြီးရရှိစေခဲ့တယ်အပြင် နောက်ထပ်တစ်ကြောင်းက ဒီဂိမ်းဟာ စစ်သမိုင်းအကြောင်းနဲ့ လားလားမှကိုမသက်ဆိုင်တဲ့ မှော်ဆန်တဲ့လောကမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခရီးစဉ်နဲ့ လျှို့ဝှက်ဆန်းကြယ်မိစ္ဆာ၊ ထိတ်လန့်ဖွယ်သတ္တဝါများကို ထည့်သွင်းထားလို့ပါပဲ။ ဂိမ်းဟာ ဘယ်လိုမျိုးပုံစံနဲ့ထွက်ရှိလာပြီး ဇာတ်လမ်းအနိမ့်အမြင့်၊ အတတ်အကျကို ထိထိမိမိခံစားမိအောင် လုပ်သွားမလဲဆိုတာကတော့ လုံးဝကိုစိတ်ဝင်ဖို့ကောင်းနေပါတယ်။
Greedfall ဂိမ်းဇာတ်လမ်းအကျဉ်းနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်ပြောင်းလဲသွားမယ့် ဂိမ်းရဲ့ဦးတည်ချက်နဲ့ အဆုံးသတ်
သေချာလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ ဂိမ်းဇာတ်လမ်းက အတော်လေးကို စိတ်ဝင်စားစရာပါပဲ။ ပြောရရင်တော့ ပြီးပြည့်စုံတဲ့လောကနိဗ္ဗာန်လို့ဆိုနိုင်တဲ့ သမုဒ္ဒရာအလယ်က နတ်သူငယ်မျိုးနွယ် (Elves) တွေခိုလှုံနေထိုင်ရာ ကျွန်းတစ်ကျွန်းကို ကိုလိုနီခေတ်မှာကြီးစိုးတဲ့ အမျိုးမျိုးသောစစ်အင်အားကြီး အင်ပါယာတွေ၊ အာဏာပါဝါမြင့်မားတဲ့ဂိုဏ်းတွေက ရှာဖွေတွေ့ရှိသွားပြီးနောက်မှာတော့ ကိုလိုနီတို့ရဲ့ ဝင်ရောက်ကျူးကျော်နယ်ချဲ့မှုများ၊ ကြီးမားတဲ့တိုက်ပွဲများ၊ ဂမ္ဘီရဆန်ဆန်လှည့်ကွက်များ၊ ထင်မထားတဲ့ဇာတ်လမ်းဇာတ်ကွက်တွေ ဖြစ်လာတော့မှာပါ။ ဂိမ်းကိုစဆော့ပြီဆိုတာနဲ့ ကိုယ်ဟာသာမန်လူသားတစ်ယောက်အနေနဲ့ ဆော့ကစားရမှာဖြစ်ပြီး ကိုယ်ပါဝင်လိုတဲ့ဖက်ကနေ ဝင်ရောက်အားဖြည့်တိုက်ခိုက်ရင်း ကိုယ့်ဆုံးဖြတ်ချက်နောက်ကိုလိုက်ပြီး ဇာတ်လမ်းကပြောင်းလဲသွားမှာပါ။ ဒီတော့ ကျူးကျော်သူတွေကို ပြန်လည်တိုက်စစ်ဆင်နေရတဲ့ နတ်သူငယ်တွေဘက်ကနေမလား၊ ကိုလိုနီတပ်ပဲဝင်မလား၊ မှော်ဆန်တဲ့လှိျုဝှ့က်ဂိုဏ်းသားပဲလုပ်မလားဆိုတာ ကိုယ့်အပေါ်မှာပဲ အားလုံးမူတည်နေပါတယ်။
ထွက်ရှိလာမယ့်ရက်စွဲ၊ ဆော့ကစားနိုင်မယ့်ပလက်ဖောင်းတွေ၊ Requirments နဲ့ စာရေးသူအနှစ်ချူပ်
ဝမ်းသာစရာကတော့ ဒီ Greedfall ဂိမ်းဟာ အရင်လ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်အကြိုက်တွေ့စရာကတော့ ဂိမ်မာများအားလုံးအတွက် PC, Playstation 4 နဲ့ X Box ပလက်ဖောင်းများမှာ ဆော့ကစားနိုင်မှာဖြစ်တဲ့အပြင် ဂိမ်းကစားဖို့လိုအပ်တဲ့ အနည်းဆုံး Requirments ကတော့ -
OS: Windows 7 64-bit
CPU: Intel Core i5-3450 4-Core 3.1 GHz or AMD FX-6300 6-Core 3.5GHz
RAM: 8 GB System Memory
GPU RAM: 2 GB Video Memory
GPU: GeForce GTX 660 or Radeon HD 7870
HDD: 25 GB Available Hard Drive Space
DX: DirectX 11
ဖြစ်ပြီး သတ်မှတ်ပေးထားတဲ့ Requirements ကတော့ -
OS: Windows 10 64-bit
CPU: Intel Core i5-4690 4-Core 3.5 GHz or AMD FX-8300 8-Core 3.3 GHz
RAM: 16 GB System Memory
GPU RAM: 4 GB Video Memory
GPU: Nvidia GeForce GTX 980 or AMD Radeon RX 590
HDD: 25 GB Available Hard Drive Space
DX: DirectX 11 ပဲဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ RPG ဂိမ်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့သူဖြစ်တာကတစ်ကြောင်း ခေတ်နောက်ပြန်သွားတဲ့ဂိမ်းမျိုးတွေဆို ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားတာကတစ်ကြောင်း၊ အက်ကြောင်းထက်နေတဲ့ RPG ဂိမ်းတွေထဲက ကွဲထွက်လာနိုင်မယ့်ဂိမ်းလို့ စိတ်ထဲမှာ ရည်စူးမိတာကတစ်ကြောင်း အစရှိတဲ့အကြောင်းကြောင်းကြောင့် ဒီ Greedfall ဂိမ်းဟာ ရာစုသစ်ဂိမ်းလောကမှာ ဂိမ်းပရိသတ်တွေပါးစပ်ဖျား ပြောစမှတ်ပြုရလောက်မယ့် အလယ်အလတ်တန်းစား RPG ဂိမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပြီးလူအယောက် ၄၀ ကျော်သာရှိတဲ့ ပြင်သစ်အခြေစိုက် Spider Development က အစွမ်းကုန်ဖန်တီးခဲ့တဲ့လက်ရာဖြစ်တဲ့အတွက် ခြုံကြည့်မယ်ဆိုရင် အတော်လေးအားရဖို့ကောင်းပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအကြောင်းအရာတွေကို Tech Hub မှာ အချိန်မှန်တင်ဆက်ပေးသွားမှာမို့ ဂိမ်းချစ်သူပရိသတ်များအနေနဲ့ စောင့်ဆိုင်းပြီးဖတ်ရှုနိုင်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။






0 Comments