ကို ကြည့်ပြီးသူတိုင်း ငယ်စဉ်ဘဝကတည်းက ကြည့်ဖူးခဲ့တဲ့ Sonic ကာတွန်းတွေ၊ ကစားဖူးခဲ့တဲ့ Sonic ဂိမ်းတွေကြောင့် SEGA ရဲ့ Sonic တစ်ကိုယ်တော်ရုပ်ရှင်ထွက်လာမယ့် သတင်းအတွက် လုံးဝဝမ်းသာပီတိဖြစ်ရတာအမှန်ပါ။ ဟုတ်ပါတယ်၊ Sonic ရဲ့မဟာရန်သူတော်ကြီး Doctor Eggman နေရာမှာ Jim Carrey ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အခုလာမယ့် Sonic The Hedgedog ဟာ ဘာမှကိုပြောစရာတစ်ကွက်မှမရှိတဲ့ live-action ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုပါပဲ၊ အဓိကဇာတ်ကောင်ဖြစ်တဲ့ Sonic ရဲ့မူရင်းနဲ့လုံးဝကွဲပြားတဲ့ လူပုံစံဇာတ်ကောင်ဒီဇိုင်းနဲ့ ခန္ဓာကိုယ်အချိုးအစား၊ သရုပ်ဆောင်ကွက်တွေကြောင့် trailer ကိုကြည့်ပြီးသူများနဲ့ အားပေးသူပရိသတ်တိုင်းရဲ့ ဝေဖန်ခြင်းကို အဆမတန်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အခြား live action ရုပ်ရှင်ဇာတ်ကားရိုက်ကူးသူများလို အချောသတ်ပြီးပြီဆိုတာနဲ့ ချက်ချင်းကြီးမထုတ်လိုတဲ့ Sonic The Hedgedog နောက်ကွယ်ကဖန်တီးသူများဟာ စိတ်တိုင်းမကျတဲ့ပရိသတ်များအတွက် Sonic The Hedgedog ရဲ့ ဒီဇိုင်းနဲ့ပုံစံကို အစအဆုံးပြန်လည်ပြင်ဆင်ပြီး နဂိုမူလပုံစံအတိုင်းပြောင်းလဲပေးခဲ့ပါတယ်။ အတည်တကျဇာတ်ကောင်ဒီဇိုင်းကိုတော့ တရားဝင်မချပြသေးပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ leaked ဖြစ်ခဲ့တဲ့ဓါတ်ပုံဟာ အင်တာနက်ပေါ်ကို တက်လို့လာပါတယ်။ အဲဒီပုံကိုကြည့်ပြီး စိတ်တိုင်းမကျ၊ အကြိုက်မတွေ့တဲ့ပရိသတ်များအားလုံး ရင်အေးသွားရသလို စောင့်မျှော်နေသူများကလည်း သူတို့ရဲ့စကားသံကို ကြားပြီး စိတ်တိုင်းကျအောင်ပြန်လည်ပြင်ဆင်ပေးခဲ့တဲ့အတွက် Sonic The Hedgedog နောက်ကွယ်ကဖန်တီးသူများကို ကျေးဇူးတင်နေကြပါတယ်။ ဒါတက်မကသေးဘဲ ရုပ်ရှင်ထွက်လာမယ့်အချိန်ကိုလည်း ၂၀၂၀ ကိုရက်ပြောင်းရွေ့လိုက်ပြီး အဲဒီအချိန်အတွင်းမှာ နှစ်ဦးနှစ်ဖက်စိတ်တိုင်းကျအောင် အစွမ်းကုန်ပြင်ဆင်မွန်းမံသွားဖို့ရှိတယ်လို့သိရပါသေးတယ်။ ဘာတွေပဲပြောပြော နာမည်ကျော်ဂိမ်းတွေရော၊ ရုပ်ရှင်တွေပါ ထွက်ရှိမယ့် ၂၀၂၀ မှာ Sonic The Hedgedog Live Action ရုပ်ရှင်ကိုတော့ အားလုံးကိုရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်နေရတော့မှာပါပဲ။