Xiaomi အနေနဲ့ ကတော့ အခုလတ်တလော အချိန်မှာဆိုရင် အလျင်အမြန်တိုးတက်နေတဲ့ Company တစ်ခုဖြစ်ပြီး World Largest Smartphone maker List ရဲ့ No.4 နေရာမှာရပ်တည်နိုင်နေတဲ့ Company တစ်ခုလည်းဖြစ်တယ် Xiaomi အနေနဲ့ တရုတ်နိုင်ငံသာမကာ တခြား နိုင်ငံတွေ အထိမှာလည်း စျေးကွက်တွေကို ဝင်ရောက်နေတာဖြစ်တယ် Xiaomi အနေနဲ့ လာမဲ့ 2020 မှာတော့ Japan စျေးကွက်ကိုဝင်ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်
အခုလက်ရှိအချိန်မှာတော့ Japan စျေးကွက်ကို Apple ကပဲသိပ်ပိုက်ထားတာဖြစ်ပါတယ် Xiaomi ရဲ့ အဓိက Target ကတော့ Apple ရဲ့ iPhone တွေကို ယှဉ်ပြိုင်ဖို့ဖြစ်ပြီးတော့ Highperformance Model တွေကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးမှာဖြစ်တယလို့ဆိုပါတယ် Wang Xiang, head of Xiaomi’s international operations ရဲ့ အဆိုအရ သူတို့ အနေနဲ့ Japan စျေးကွက်မှာ ဖုန်း Model စုံစုံလင်လင်ရောင်းချပေးမှာဖြစ်ပြီးတော့ Phone တွေသာမက Wearable Device တွေကိုပါရောင်းချမှာဖြစ်တယ်လိုဆိုပါတယ်
Xiaomi အနေနဲ့ Japan စျေးကွက်မှာ နေရာပိုရဖို့ အတွက် Local Carrier တွေနဲ့လည်း Partener ဖြစ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ် Japan စျေးကွက်ကို နှစ်ရှည် သိမ်းပိုက်ထားတဲ့ iPhone တွေကို 2020 မှာ ဂျပန်စျေးကွက်ကိုဝင်ရောက်မဲ့ Xiaomi အနေနဲ့ ယှဉ်ပြိုင်လာနိုင်မလား Local Brand ဖြစ်တဲ့Sony ကိုရော ယှဉ်ပြိုင်လာနိုင်မလား စောင့်ကြည့်ရမှာပါ Xiaomi အနေနဲ့ အခုအချိန်မှာတော့ အဓိက စျေးကွက်ကတော့ China နဲ့ india ဖြစ်ပါတယ်



0 Comments