Xiaomi ရဲ့ Brand ခွဲတစ်ခုဖြစ်တဲ့ Redmi ကလည်း Redmi Watch ကိုမကြာခင် မိတ်ဆက်မှာဖြစ်တယ်လို့ဆိုပါတယ် ဒီအကြောင်းကိုတော့ Redmi ရဲ့ GM တစ်ဦးဖြစ်တဲ့ Lu Weibing ကပြောကြားခဲ့တာပါ Weibo မှာတင်ခဲ့တဲ့ Post အရ Redmi Watch ကိုမကြာခင် မိတ်ဆက်လာမဲပ အကြောင်းကို အရိပ်အမွှတ်ပြောကြားခဲ့တာဖြစ်ပါတယ် Redmi Watch ကတော့ Xiaomi Watch နဲ့ယှဉ်မယ်ဆိုရင် စျေးက တော်တော်လေးသက်သာလာမယ်လို့ယူဆရပါတယ်
Redmi အနေနဲ့ Xiaomi ရဲ့ Smart TV တွေ Laptop တွေလိုမျိုးကို စျေးသက်သာတဲ့ Version အနေနဲ့ ထုတ်နေကြဖြစ်တာဆိုတော့ Redmi Watch ကလည်း စျေးသက်သာတဲ့ ပုံစံမျိုးနဲ့ လာနိုင်တာဖြစ်ပါတယ် အခုမိတ်ဆက်ထားတဲ့ Xiaomi Watch မှာတော့ 1.78-inch AMOLED display ကို 44mm frameမှာထည့်သွင်းပေးထားပြီးတော့ Qualcomm ရဲ့ Snapdragon Wear 3800 ကိုအသုံးပြုပေးထားတာဖြစ်ပါတယ် Mi Watch ကတော့ သုံးသိန်း ဝန်းကျင်လောက် ကျသင့်မှာဖြစ်ပါတယ် ဒါပေမဲ့ Xiaomi အနေနဲ့ Mi Watch ကို မိတ်ဆက်ထားပေမဲ့ စျေးပိုကြီးနိုင်တဲ့ Mi Watch Pro ကိုလည်း မကြာခင် မိတ်ဆက်လာဖို့ ကြိုးစားနေတယ်လို့သိရပါတယ်



0 Comments