2020 ကျထွက်မယ့်ဖုန်းအသစ်တစ်ချို့လဲကြားနေရပြီ။ ဒီ flagship ဖုန်းအသစ်တွေမှာပါနိုင်တာတွေကတော့ 5G option, 90Hz display(120Hz လဲဖြစ်နိုင်တယ်), အနည်းဆုံး 40W ရှိတဲ့ fast charging နှင့် ကင်မရာလေးလုံးပေါ့။ အဲ...ဒါနဲ့ အသစ်ထွက်လာမဲ့ iPhone SE2 ကတော့ exception ဖြစ်လို့ ဒါတွေမပါဘူးနော်။ Samsung ကအမြဲ ဖေဖဝါရီလမှာကြေညာနေကြမို့ သူ့ဖုန်းအသစ်ထွက်မယ့်အချိန်ကို ခန့်မှန်းလို့ရတယ်။ ကျန်တဲ့ဖုန်းတွေတော့ အတိအကျမသိရသေးဘူး။ ကဲ ဘာဖုန်းတွေလဲဆိုတာကြည့်ရတာပေါ့။
Samsung Galaxy S11
Samsung က နှစ်စဉ်နှစ်တိုင်း ဒီချိန်ဆို သူ့ flagship ဖြစ်တဲ့ Galaxy S series ကိုကြေညာနေကျဆိုတော့ အထူးအဆန်းတော့မဟုတ်တော့ဘူး။ ဒီ 2020 S11 မှာ ဘယ်လို ဒီဇိုင်းနဲ့ ဘာ feature အသစ်တွေလာဦးမှာလဲဆိုတာတော့ စိတ်ဝင်စားတယ်။ ဒါနဲ့ Note 10 မှာ headphone jack ဖြုတ်လိုက်ပြီဆိုတော့ S11 လဲပါလာတော့မှာမဟုတ်တော့ဘူး။ Samsung က Note 10 လိုပဲ အကောင်းစားတွေထည့်ပေးမှာဆိုပေမယ့် 90Hz (သို့) 120Hz display ပါမပါတော့စောင့်ကြည့်ရတာပေါ့။
Samsung Galaxy Fold 2
Phablet မဟုတ်တာ့ပဲ ဖုန်းကနေ tablet ပြောင်းနိုင်တဲ့ Galaxy Fold ကတော့ ပထမဆုံး foldable phone အနေနဲ့ ဒီနှစ်အစမှာ ထွက်ရှိလာတယ်(ရောင်းတာကတော့ စက်တင်ဘာလမှပေါ့)။ အခုလာမယ့် 2020 ကျရင်ဘယ်လို ခေါက်ဖုန်းလာဦးမှာလဲမသိဘူး။ သေးချာတာက 2020 ဖုန်းကတော့ $2,000 မရှိလောက်တော့ဘူး။ နောက်ပြီး ဒီ Galaxy Fold ထက် စျေးသက်သာတဲ့ခေါက်ဖုန်းလဲထုတ်ဖို့ရှိတယ်လို့ကြယးထားတော့ ခေါက်ဖုန်းနှစ်မျိုးတော့တွေ့ရဖို့ရှိမယ်။
Apple iPhone SE2
Apple ကစျေးသက်သာပြီး လူတိုင်းသုံးနိုင်တဲ့ iPhone SE ကို 2020 မှာထပ်ထုတ်မယ်ဆိုတာ့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ iPhone 8 ဒီဇိုင်းနဲ့လာမှာဆိုတော့ 2020 အနေနဲ့ဆို ဒီဇိုင်းကတော်တော်နောက်ကျနေပြီ။ သူ့မှာအားသာချက်ဆိုလို့ iOS ရယ် A13 chip ကို $400 ပဲပေးရတာပဲဆိုတော့ Apple က water resistance တို့ stereo speakers တို့အစရှိတာတွေထည့်ပေးမယ့်ပုံမပေါ်ဘူး။ ကင်မရာပိုင်းကတော့ဘာမှမကြားသေးဘူး။ ပြီးတော့ iPhone 8 လို fast charging function ထည့်ပေးမလားလဲမသိရသေးပါဘူး။
Huawei P40 series
US-China tradewar ကြောင့် Google Mobile Services သုံးလို့မရတော့ပေမယ့် Android ကိုမှ Huawei Mobile Sevices နဲ့ပြန်လာတဲ့ Huawei Mate 30 Pro ကတော့ ရောင်းရနေတုန်းပါပဲ။ အဓိက ကတော့ သူ့မှာပါတဲ့ Leica ကင်မရာကြောင့်ပါပဲ။ သူ့ကင်မရာကတော့ ဘယ်လောက်ကောင်းတယ်ဆိုတာကတော့ သုံးဖူးသူတွေအသိပါပဲ။ 2020 နှစ်စတော့မှာဆိုတော့ ကင်မရာပိုင်းပိုဦးစားပေးတဲ့ Huawei P sereis တွေလာတော့မှာပေါ့။ ဒီတစ်ခေါက်က ဘာ feature အသစ်တွေထည့်လာပေးဦးမှာလဲမသိဘူး။ P30 Pro ရဲ့ 50x zoom ရယ် Mate 30 Pro မှာတွေ့ရတဲ့ 40MP ultrawide cine ကင်မရာတွေပါလာဦးမယ်ထင်တယ်။
OPPO Find X2
OPPO ကတော့ Snapdragon 865 ပါတဲ့ flagship ဖုန်းကို 2020 အစောပိုင်းမှာကြေညာမယ်လို့ကြားတယ်။ ဒါပေမဲ့ ဒီ flagship ဖုန်းက Find series လား Reno series လားတော့မသိသေးဘူး။ နောက်ဆုံးကြားသိရတဲ့ သတင်းအရဆိုရင်တော့ Find X2 လို့ကြားတယ်။ ဟုတ်မဟုတ်တော့မသိသေးဘူး။ သေချာတာက အသစ်ထွက်မယ့် OPPO Reno3 Pro မှာ 90Hz diaplay ပါမယ်ဆိုတော့ သူလဲ 90Hz နဲ့လာမှာသေချာနေပြီ(တရုတ်မှာပဲထွက်တဲ့ OPPO Reno Ace ကလဲ 90Hz ပါပဲ)။ ပြီးတော့ လောလောဆယ်မှာအမြန်ဆုံးဖြစ်တဲ့ နာရီဝက်နဲ့ full charge ရမဲ့ SuperVOOC charge ပါလာမလားမသိဘူး။ OPPO က လက်ရှိဖုန်းတွေထဲမှာ charging အမြန်ဆုံးရှိပေမဲ့လဲ သူ့ flagship ဖုန်းတွေမှာ wireless charging မပါသေးဘူး။ နောက်ပြီး OPPO ဖုန်းတွေက IP rating မပါတာများတယ်ဆိုတော့ ဒီ 2020 ဖုန်းလေးကိုတော့ ရေစိုခံမခံစောင့်ကြည့်ရတာပေါ့။



0 Comments