Xiaomi ရဲ့ Redmi series မှာ Note series တွေထက် performance သေးတဲ့ Redmi series တွေရှိကြပါသေးတယ်။ Redmi Note 8 ရှိသလို သူ့ထက် performance သေးတဲ့ Redmi 8 ဆိုတဲ့ဖုန်းရှိပါသေးတယ်။ Redmi 8 က အေညက်တိုဘာလကထွက်ရှိထားတာဖြစ်ပြီး SoC ကတော့ entry level ဖြစ်တဲ့ Snapdragon 439 နဲ့လာတာပါ။ သူ့အစ်ကိုအကြီးဆုံးဖြစ်တဲ့ Redmi Note 8 Pro ရဲ့ G90T နဲ့ယှဉ်မယ်ဆိုရင် လုံးဝအကွာကြီးပါ။ ဒါပေမဲ့ ဒီ 2020 အတွက်ထွက်မယ့် Redmi 9 မှာ entry level chipset အစား MediTek Helio G70 chipset ကိုထည့်သွင်းပေးမယ်လို့ကြားရတယ်။
ဒါနဲ့ entry level ဆိုတော့ များသောအားဖြင့် Helio P30 လို chipset ဖြစ်ရမယ့်အစား G70 ဆိုတော့ Redmi Note 8 Pro မှာထည့်ထားတဲ့ G90T series ရဲ့အနိမ့် version ပေါ့။ Helio G90 က gaming အတွက်ပြုလုပ်ပေးထားတဲ့ chipset ဆိုတော့ ဒီ G70 ရဲ့ performance ပိုင်းကတော့ Snapdragon 675 လောက်တော့ရှိမယ်ထင်တယ်။ ပြီးတော့ ဒီ Redmi 9 က 6.6 လက်မ notch မျက်နှာပြင်ကိုမှ 4GB RAM 64GB ROM နဲ့စလာမှာဆိုတော့ entry level ဖုန်းတွေလဲ မြင့်လာပြီလို့ပြောရတော့မှာပေါ့။ Redmi series ဆိုတဲ့အတိုင်း နှစ်သိန်းအောက်ဖုန်းကို ဒီ performance chipset နဲ့တကယ်လာမယ်ဆိုရင်တော့ စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။
source: themrpc



0 Comments