ဒီနှစ်မှာလူတွေ တော်တော်စိတ်ဝင်စားတဲ့ OPPO Reno series ကတော့ 2020 အတွက် OPPO Reno3 series ဆိုပြီးထွက်လာပြီ။ ဒါပေမဲ့ ဒီတစ်ခေါက် OPPO Reno3 series က သူများတွေထက်သာအောင်တစ်ခုလုပ်လိုက်ပါတယ်။ အဲ့တာကတော့ ဒီဖုန်း  မှာ သူများလို 4G နဲ့ 5G နှစ်မျိုးမခွဲတော့ပဲ 5G connection နဲ့ပဲလာတာပါ။ သူက သူများတွေလိုရွေးဖို့ မပေးတော့ပဲ 5G network ရတာနဲ့သုံးလို့ရနိုင်တဲ့ ဖုန်းကိုတစ်ခါထဲ မိတ်ဆက်ပေးလိုက်တဲ့သဘောပါ။

OPPO Reno3 ကတော့ OPPO Reno2 အတိုင်းပဲ SoC ကို Snapdragon 730G နဲ့လာပြီး မျက်နှာပြင်က ရေစက်ပုံ notch ဒီဇိုင်းပြန်ဖြစ်သွားတာတွေ့ရတယ်။ ဒါပေမဲ့ သူ့မှာ Redmi K30 လို 120Hz တော့မပါလာဘူး။ ပြီးတော့ 8/128GB China version ကိုမှ 720,000 ကျပ်ဝန်းကျင်ဆိုတော့ global version ကတော်တော်များမှာသေချာတယ်။ High refresh rate display မပါတော့ 2020 ဖုန်းအနေနဲ့recommend လုပ်မယ်ဆိုရင်တောင် လုပ်ရခက်တဲ့ဖုန်းပါ။

ဒါနဲ့ OPPO Reno3 Pro ကတော့ စိတ်ဝင်စားစရာပါပဲ။ ဘာလို့လဲဆိုတော့  Samsung Galaxy series မှာပဲတွေ့ရသေးတဲ့ OLED punch hole ကိုသုံးထားရုံမကဘူး၊ 90Hz display ပါပါတဲ့အတွက်ကြောင့်ပါပဲ။ SoC ကတော့ Snapdragon 765G နဲ့လာပြီး 8/128GB ကို 840,000 ကျပ်ဝန်းကျင်ကစပါမယ်။ China version ဆိုတော့ Global version ဆိုဒီထက်များဦးမှာပေါ့။ ဒါနဲ့ဒီဖုန်းမှာ Reno2 မှာလိုချင်တဲ့  features တခုဖြစ်ပြီး OPPO Reno3 မှာလဲမပါတဲ့ stereo speakers ကိုထည့်ပေးလိုက်ပါတယ်။ နောက်ပြီးသူနဲ့Reno3 မှာ OPPO ရဲ့ နာမည်ကျော် VOOC 4.0 quick charge ပါလာတဲ့အတွက် charging အရင်ထက်ပိုမြန်သွားပြန်ပြီ။ ဒါပေမဲ့စျေးလဲမနည်းဘူးနော်။

ဒါနဲ့OPPO Reno3 Pro Pantone 2020 ဆိုပြီး အပြာရောင်နဲ့ပဲလာတဲ့ edition တစ်ခုထက်ထွက်ဦးမယ်တယ်တဲ့။ ဖုန်းပဲအပြာရောင်မဟုတ်ပါဘူး၊ ဖုန်းပါကင်ဘူး၊ charger၊ USB cable နဲ့နားကြပ်အကုန်လုံးကို အပြာရောင်နဲ့အဖြူရောင်ဆက်ပြီးလာတာတဲ့ edition လေးပါပဲ။ သူကတော့ 8/128GB ကို 880,000 ကျပ်ဝန်းကျင်နဲ့ရောင်းမှာလို့သိရပါတယ်။

ဒါနဲ့နောက်ဆုံးကြားသိရသလောက် ဒီ OPPO Reno3 series ဖုန်းကိုဝယ်ဖို့ registrator လုပ်ထားသူတွေက 1.5 သန်းကျော်ရှိနေပြီတဲ့။ ဒီ registration လုပ်ထားသူတွေနဲ့ တကယ်ရောင်းတဲ့နေ့မှာဝယ်တဲ့လူ တူမတူတော့စောင့်ကြည့်ရဦးမှာပေါ့။

source: GSMArena, OPPO China