မနေ့က Realme က အိန္ဒိယနိုင်ငံ New Delhi မှာ Realme X2 ကကြေညာပေးလိုက်ပြီး သူနဲ့အတူ AirPods လို true wireless earbuds ဖြစ်တဲ့ realme Buds Air ကိုပါကြေညာခဲ့လိုက်ပါတယ်။ ဒီ realme Buds Air ရဲ့ ဒီဇိုင်းကတော့ AirPods clone လို့ပြောရလောက်ထိတော့တူပေမဲ့ မသိမသာလေးတွေလောက်တော့ကွာတယ်။ တကယ်အပြင်မှာ ယှဉ်ကြည့်မှသိလောက်မယ်။
AirPods clone လို့ဆိုရတဲ့အတိုင်းပဲ fast pair ပါတဲ့အတွက် android ဖုန်းတွေကို အလွယ်တကူချိတ်လို့ရတယ်။ ပြီးတော့ သူ့ customised R1 chip ပါပြီး blutooth 5.0 ဖြစ်လို့ latency မရှိသလောက်နည်းမှာဖြစ်တဲ့အတွက် ဂိမ်းဆော့ရအဆင်ပြေတယ်လို့လဲပြောတယ်။ အသံပိုင်းကတော့ Realme Buds Wireless က Allen Walker ရဲ့ Dynamic Bass Boost မျိုး ဒီမှာပြန်ပါလာတယ်။ ဒါပေမဲ့ bass driver တော့ realme Buds Wireless ထက်​တော့ပိုကြီးတော့ bass ပိုင်းပိုသာမှာပေါ့။
ပြီးတော့ ဖုန်းပြောဖို့အတွက် noise cancellation လုပ်ဖို့ dual Mic ထည့်ပေးထားသေးတော့ ဖုန်းပြောတဲ့အခါ တစ်ခြားလူကိုယ့်အသံမကြားမှာကို ပူစရာမလိုဘူးပေါ့။ ဘက်ထရီအနေရဲ့ကြတော့ တစ်ခါသုံး 3 နာရီပဲခံပြီး သူ့ case နဲ့ဆို စုစုပေါင်း 17 နာရီကြာအသုံးပြုနိုင်တယ်လို့ပြောတယ်။ Charging ကိုတော့ USB Type-C နဲ့ charge လုပ်ရပေမယ့် fast charging ပါမါတော့ သူ့ website မှာပြောထားတာမတွေ့ရပါဘူး။
နောက်စိတ်ဝင်စားစရာက သူ့ charging case က wireless charging ပါပါတာပါပဲ။ ဒီလို true wireless earbuds ကိုမှ wireless charging ပါပါတဲ့ earbuds တွေက $100 အထက်တွေပါပဲ။ သူက INR 3,999 ဆိုတော့ $50 ဝန်းကျင်(ကျပ်နဲ့ဆို 85,000 ဝန်းကျင်) လောက်ပဲပေးရတာဆိုတော့ မဆိုးပါဘူး။ 
ပြီးတော့ ရွေးချယ်စရာအရောင်သုံးရောင်နဲ့လာသေးတယ်။ ဒါကတော့ AirPods မှာမရနိုင်တဲ့ option ပဲပေါ့။ အမဲရောင်လေးတော့တော်တော်လှတယ်။ Realme Buds Wireless တောင် ဒီကိုဝင်လာတယ်ဆိုတော့ ဒါလဲဒီကိုဝင်မဝင်စောင့်ကြည့်ရတာပေါ့။