ဖုန်းအားလုံးနီးပါးမှာ Unicode က ပါလာပြီးသားပါ...
Samsung မှာ
Settings> Control> Language> English နဲ့
Settings> Device> Font> FontStyle ကို System Font သို့မဟုတ် Default သို့မဟုတ်
မြန်မာ(Unicode) သို့မဟုတ် English (US) ထားပေးလိုက်ပါ။
Huawei EMUI 9.1 မှာ
Settings> System> Language and Input> Language and Region မှာ Language ကို English နဲ့
Region ကို Myanmar (Burma) ထားပါ။
Huawei EMUI 8 ဆိုရင်တော့ System> ဗမာ Unicodပြောင်းလိုက်ရင် System တခုလုံး မြန်မာလိုပြောင်းသွားပါလိမ့်မယ်။
(8 သမားများ 9.1ကိုမြှင့်မှအဆင်ပြေမှာပါ။)
ပြီးရင် zfont ကို playstore မှ ဒေါင်းလုတ်ဆွဲပြီး pyidaung su font ကို install လုပ်ပေးလိုက်ပါ။ (အဆင်မပြေပါက zfont ကို uninstall / install လုပ်ပါ။)
Vivo Funtouch OS9 မှာ
Settings> Language and Input မှာ
ဗမာ (Myanmar) ထားပါ။ (English ကို ရွေးရင် ဇော်ဂျီပဲဖြစ်နေဦးမှာပါ။)
http://www.mediafire.com/download/sbrcg7xtyqyd21h/Pyidaungsu.txj
အဲ့တာကို ဒေါင်းလုတ်ဆွဲပြီး Download> iTheme> Local> Font အောက်မှာထားပေးပါ။
Xiaomi ဖုန်းတွေမှာ
Settings> Themes> Font> MiLanting(Default)
ရွေးပြီး Apply လုပ်ပါ။ ပြီးရင်စက်ကို Reboot လုပ်ပါ။
Honor ဖုန်းတွေမှာ
Settings
>Language & Input
Languages
> Add language
> Burmese(Unicode)
ဗမာ(မြန်မာယူနီကုဒ်)
Oppo နဲ့ Realme ဖုန်းတွေမှာ
Settings
> Language and input
> Language
> ဗမာ(မြန်မာယူနီကုဒ်)
သို့မဟုတ် Language English ရွေးပြီး zfont ကို playstore မှဒေါင်းလုတ်ဆွဲပါ။ pyidaung su font ကို install လုပ်ပေးလိုက်ပါ။ (အဆင်မပြေပါက zfont ကို uninstall / install လုပ်ပါ။)
ဒါဆို Unicodeရပါပြီ။
အကယ်၍ ယူနီကုတ်ပြောင်းဖို့ အခက်ခဲရှိသူများ ဒီမှာဝင်မေးလို့ရပါတယ် 👇
https://www.facebook.com/groups/mmUnicode/
မိမိဖုန်းယူနီကုတ်ဖြစ်သွားပြီဆို သိသာတာက ဖုန်းအော်ပရေတာတွေ ပို့ထားတဲ့စာတွေ ဇောက်ထိုးတွေပြပါပြီ။
(အမှန်မြင်/ဖတ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အောက်မှာ ထပ်ရေးပေးပါမယ်။)
ဖုန်းထဲမှာရှိတဲ့ Map apk ကိုဖွင့်ကြည့်ပါ။ လမ်းနံမည်တွေကို မြန်မာစာတွေနဲ့ ပြနေပါလိမ့်မယ်။ ဖတ်လို့ရနေပါလိမ့်မယ်။
သို့မဟုတ်
https://my.m.wikipedia.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
👆ဒီအပေါ်ကလင့်ကိုနှိပ်ပြီး စာဖတ်ကြည့်ပါ။ ဖတ်လို့ရတယ်ဆို သင့်ဖုန်းယူနီကုတ်ဖြစ်သွားပါပြီ။
ဖုန်းကယူနီကုတ်ဖြစ်သွားပြီဆိုတော့ ကီးဘုတ်ကလည်း ယူနီကုတ်ကီးဘုတ်နဲ့စာရေးမှအမှန်မြင်ရမှာပါ။
လက်ရှိသုံးနေတဲ့ကီးဘုတ်ထဲက ဇော်ဂျီရွေးထားတာကိုဖြုတ်ပြီး ယူနီကုတ်ကိုအမှန်ခြစ်ပေးလိုက်ပါ။ (လုပ်တတ်ခဲ့မယ်ဆိုရင်ပေါ့)
မလုပ်တတ်ဘူးဆိုကိစ္စမရှိပါဘူး။
အရင်ကီးဘုတ်အဟောင်းကို uninstall လုပ်လိုက်ပါ။ Playstore ထဲမှာ ယူနီကုတ်ကီးဘုတ်တွေအများကြီးရှိတဲ့ထဲကမှ နှစ်သက်ရာဒေါင်းယူပါ။
သို့မဟုတ်
Manic Keyboard 👇
https://www.mediafire.com/file/splo7q75qi6cv70/Manic_Keyboard_v0.9.4.apk/file
Gboard Keyboard 👇
https://www.mediafire.com/file/gww985z4khsx1hg/Gboard_8.5.7.260967531-release-armeabi-v7a.apk/file
နှစ်သက်ရာဒေါင်းပါ။
ဒါဆိုရင် စာဖတ်ဖို့ရော စာရေးဖို့ရော ပြည့်စုံသွားတဲ့ ယူနီကုတ်ဖုန်းတစ်လုံးဖြစ်သွားပါပြီ။
သို့သော်...
လောလောဆယ်မှာဖုန်းအော်ပရေတာတွေက မက်ဆေ့တွေကိုဇော်ဂျီနဲ့ပဲပို့နေတုန်းဆိုတော့ သင့်ဖုန်းကလည်း ယူနီကုတ်ပြောင်းထားတော့ အမှန်မြင်ရမှာမဟုတ်သေးပါဘူး။
မက်ဆေ့တွေကိုအမှန်မြင်ဖို့အတွက်က...
MyanSMS
https://www.mediafire.com/file/w4t1ki2p51e9gnz/myansms.apk/file
ကိုဒေါင်းလုတ်ဆွဲပြီး Defult ထားထားပေးလိုက်ပါ။
ဒါဆိုရင် ဇော်ဂျီ ယူနီ မည်သည့် sms မက်ဆေ့မဆိုဖတ်လို့ရသွားပါပြီ။
ယူနီကုတ်ဖုန်းဖြစ်သွားပြီဆိုတော့ အရင်ကဇော်ဂျီနဲ့ရေးထားတဲ့ ဖုန်း Contact တွေ သီချင်းနံမည်တွေကိုလည်း အမှန်ဖတ်နိုင်မှာမဟုတ်တော့ပါဘူး။
ဖုန်းထဲမှာရှိနေတဲ့ဇော်ဂျီနဲ့ရေးထားတဲ့စာတွေကို ယူနီကုတ်အဖြစ်ပြောင်းဖို့က အောက်မှာဒေါင်းလုတ်ဆွဲပါ။ 👇
mmUnicode Toolkit
https://www.mediafire.com/download/0vbn1qqs8elbluk
ဇော်ဂျီနဲ့ရေးထားတဲ့ ဖုန်းကွန်တက်တွေကို ယူနီကုတ်ပြောင်းဖို့ကဒီမှာပါ 👇
Uni Contact Conerter
https://www.mediafire.com/download/ecd9sp7bja00o9x
သို့မဟုတ်
https://www.mediafire.com/file/ka7hwhc4t4zu8ue/uniContact_Converter_1.apk/file
ဒီအောက်က ဗီဒီယိုလေးကိုဒေါင်းလုတ်ဆွဲပြီး ဘယ်လိုအသုံးပြုရသလဲဆိုတာကိုကြည့်နိုင်ပါတယ်။👇 Viber, Whatsapp, WeChat စတာတွေအတွက်...
Zawgyi to Unicode Video
https://www.mediafire.com/file/4jqg36qbq0im0gx/Zawgyi_to_Unicode.mp4/file
ဖေ့စ်ဘုတ် မက်ဆင်ဂျာတွေက up to date ဖြစ်မှ ဇော်ဂျီရော ယူနီကုတ်ရော ၂မျိုးလုံးကိုအမှန်ဖတ်နိုင်မယ်ဆိုတာကိုသတိပြုပါ။ Update မဖြစ်ရင် Playstore မှတဆင့် Update မြှင့်တင်ပါ။
လက်ရှိမှာအဆင်ပြေနေတာပဲ မပြောင်းရင်ဘာဖြစ်မလဲဆို ဘာမှမဖြစ်ပါဘူး။
သုံးလို့ရပါတယ်။
သို့သော်အားလုံးယူနီကုတ်ပြောင်းသွားပြီး ကိုယ့်ဖုန်းကမြန်မာစာဖတ်မရတော့တဲ့
အချိန်မှအသဲအသန်ယူနီကုတ်
လိုက်ပြောင်းနေရတာထက်
ခုချိန်အေးဆေးပြောင်းထားပြီး
ယူနီကုတ်ရော ဇော်ဂျီရော ၂မျိုးလုံးဖတ်လို့ရနေတဲ့ ဘာလာလာဒေါင်းတဲ့အနေအထားက ပိုကောင်းမယ်ထင်ပါတယ်။


0 Comments