Monitor ပေါ်မှာ မြင်ရတဲ့ စာသားတွေ ပုံတွေကို pixel လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလို pixel တွေ ဖြစ်လာမို့ computer အစိတ်အပိုင်း 3ခု အလုပ်လုပ်ရပါတယ်။
1. CPU
2. Graphic
3. VRAM (video RAM)
ကဲ ဘယ်လိုအလုပ်လုပ်ကြလဲပေါ့......???
CPU က image နဲ့ ပတ်သက်တဲ့ information (binary data)တွေကို Graphic ဆီပို့ပေးပါတယ်။ Graphic က ရလာတဲ့ information (binary data) ကို pxiel အဖြစ်ပြောင်းပေးပြီး monitor ဆီ output ထုတ်ပေးပါတယ်။ vRAM က pxiel တို့ Graphic က ထုတ်ပေးလိုက်တဲ့ image. text တွေကို ခနသိမ်းထားပေးပါတယ်။ onboard မှာ တော့ vRAM ကို mani RAM ကနေ ယူသုံးပါတယ်။ Graphic တွေမှာတော့ သီးသန့်ပါတာ ရှိပါတယ်။
ကဲ ခု Graphic တွေဘယ်လိုအလုပ်လုပ်လဲ သိပီးဆိုတော့....
Grpahic Card တွေအကြောင်းဆက်ပါမယ်။
Graphic လို့ပြောရရင် 2D ကော 3D ပါ,ပါတယ်။ Graphic Card တွေကို 3D rendering အတွက် ရည်ရွယ်ပြီး ထုတ်ခဲ့တာပါ။ 3D image တွေဟာ polygon တွေနဲ့ ဖွဲ့စည်းထားပါတယ်။ GPU က 3D image တွေကို ဖော်ပြပေးရန်လိုအပ်တဲ့ pixel တွေကို ဘယ်လို ordering လုပ်မလဲဆိုတာ တွက်ချက်ပေးရပါတယ်။ 3D rendering ကောင်းကောင်းလုပ်မယ်ဆိုရင် CPU ကော GPU ပါ performance ကောင်းမို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ image အတွက် imformation(binary data) ကို CPU က GPU ကို ပို့ပေးရပီး GPU က ရလာတဲ့ information(binary data) တွေကို rendering လုပ်ပေးရပါတယ်။
Graphic Card တခုမှာ အခြေခံအားဖြင့်
1. GPU
2. vRAM
GPU (Graphic Processing Unit) က rendering အပိုင်း လုပ်ပါတယ်။ အချို့ GPU တွေမှာ ပါတဲ့ Transistor အရေအတွက်ဟာ CPU မှာပါတဲ့ Transistor ထက်တောင် ပိုများပါတယ်။ ဒီတော့ အပူပို ထွက်တဲ့အတွက် Heat Sink. or Fan တွေ သုံးပေးထားရပါတယ်။ vRAM က Rendering လုပ်ပီး ထွက်လာတဲ့ data (pixel or complete image) ကို temporary store ထားပေးပါတယ်။
Image Quality ကောင်းရန် GPU တွေဟာ အောက်ပါ process တွေနဲ့ အလုပ်လုပ်ပါတယ်။
1. Full Sense Anti Aliasing (FSAA)
3D object ရဲ့ အနားစွန်းလေးကို smoothes အောင် လုပ်ပေးပါတယ်။
2. Anisotropic Filtering (AF)
သူက ပုံရိပ်တွေကို ပြတ်သားထင်ရှားအောင် လုပ်ပေးပါတယ်။
GPU က rendering လုပ်နေချိန်မှာ data တွေ temporary store လုပ်ရန် vRAM ကို အသုံးပြုပါတယ်။ rendering လုပ်နေတဲ့ image complete မဖြစ်ခင်မှာ ရလာတဲ့ uncompleted data တွေကို vRAM ထဲမှာ store လုပ်တဲ့အတွက် vRAM ကို Frame Buffer လို့လည်း ခေါ်ပါတယ်။ vRAM က high speed နဲ့ အလုပ်လုပ်နိုင်ပြီး read & write တပြိုင်နက်လုပ်နိုင်တဲ့ Dual ported technology ကို အသုံးပြုထားပါတယ်။
ထို့နောက် vRAM မှာရှိတဲ့ complete image တွေကို Monitor ဆီပို့ပေးနိုင်ရန် DAC (Digital to Analog Converter) ကို အသုံးပြုပါတယ် vRAM နဲ့ DAC တိုက်ရိုက်ချိတ်ဆက်ထားပြီး Monitor ဆီ image တွေ မပို့ခင် Analog signal (VGA or DVI-A) ပြောင်းပေးရပါတယ်။DAC ကို RAMDAC လို့လည်း ခေါ်ကြပါတယ်။ RAMDAC တခုထက်ပိုပါတဲ့ Graphic Card တွေဟာ Monitor တခုထက်ပိုပီး အသုံးပြုလို့ရပါတယ်။
The Evolution of Graphic
Monochrome Display Adapter (MDA)
1981 မှာ IBM က Monochrome Display Adapter လို့ခေါ်တဲ့ Graphic Card ကို introduce လုပ်ခဲ့ပါတယ်။ သူက text only သာ ပြပေးနိုင်ပြီး green or white color text တွေကို black screen ပေါ်မှာ ဖော်ပြပေးတာ ဖြစ်ပါတယ်။
Video Graphic Array (VGA)
color ပေါင်း 256 color ထိ အလုပ်လုပ်နိုင်ပါတယ်။
Quantam Extended Graphic Array (QXGA)
QXGA graphic card တွေဟာ high resolution (up to 2040 x 1536) တွေပဲ ဖြစ်ပါတယ်။
Graphic Card တွေ
1. PCI (old technology)
2. AGP (old technology)
3. PCIe (present)
စသည့် slot တွေမှာ စိုက်ပီး အသုံးပြုခဲ့ကြပါတယ်။
Graphic Card တွေမှာ Monitor connector နှစ်ခုပါတတ်ကြပါတယ်။ Monitor ကတော့ တလုံးပဲ ချိတ်ပီး သုံးရပါတယ်။ အကယ်၍ Graphic Card တစ်ကဒ် ကို Monitor နှစ်လုံးနှင့် ချိတ်ချင်ရင် Dual Head Capabilities ပါတဲ့ ကဒ်ဝယ်ရမှာ ဖြစ်ပါတယ်။ PCIe တွေမှာတော့ Monitor လေးလုံးအထိ ချိတ်ဆက်နိုင်ပါတယ်။
Graphic Card တွေကို APIs (Open GL or DirectX) library file တွေက manipulate လုပ်ပေးပါတယ်။
Open GL (OpeN Graphic Library) - for cross plateform
Directx - for Microsoft
Graphic Card တွေကို Frame rate (FPs) နဲ့ တိုင်းတာပါတယ်။ FPS ဆိုတာ 1 စက္ကန့်မှာ Graphic Card က ပြပေးနိုင်တဲ့ Frame အရေအတွက်ဖြစ်ပါတယ်။ Human Eye က 1စက္ကန့်မှာ 25FPS အထိ အလုပ်လုပ်နိုင်ပါတယ်။ fast action တခု smooth animation and scrolling ဖြစ်မို့ 1စက္ကန်မှာ 60FPS လိုအပ်ပါတယ်။
Frame Rate မှာ
1. Triangles or Vertices Per Second (for 3D)
2. Pixel Full Rate တို့ ပါဝင်ပါတယ်။
Graphic Card ရွေးမယ်ဆိုရင်
1. GPU clock speed (MHz)
2. Amount of available memory (MB)
3. Memory clock rate (MHz)
4. Size of the memory bus (bits)
5. Memory bandwidth (GB/s)
တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။
Graphic Cards တွေကို
1. Nvidia
2. AMD တို့က ထုတ်လုပ်ပါတယ်။
အချို့သော performance မြင့် graphic တွေမှာ power သီးသန့် ပေးမို့ လိုအပ်ပါတယ်။
Nvidia က SLI (Scalable Link Inteface) ကိုသုံးပြီး
AMD က CrossFire ကို အသုံးပြီးပါတယ်။
SlI ကော Cross Fire ကော Parallel အလုပ်လုပ်ပါတယ်။


0 Comments