Huawei က Mate 30 Pro ဖုန်းအသစ်ကို မိတ်ဆက်ပေးပြီးတော့ မတ်လကျရင် ကင်မရာပိုင်းပိုဦးစားပေးထားတဲ့ P series ဖုန်း P40 Pro ကို ထက်မံမိတ်ဆက်ပေးဦးမှာပါ။ ဒီ P40 Pro မှာလဲ ဒီနှစ်လိုပဲ periacope zoom lens ပါလာဦးမှာဖြစ်ပြီး စုစုပေါင်း ကင်မရာ ငါးလုံးပါလာမယ်လို့ကြားရတယ်။ ထုံးစံအတိုင်း အဓိက ကင်မရာရယ် ultrawide ရယ် perscope zoom ရယ် depth sensor အတွက်တစ်ခုရယ် နောက်ဆုံးက macro ပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်ရဲ့ periscope lens ကတော့ ဘယ်လောက် zoom အထိဆွဲလို့ရမှာလဲတော့မသိရသေးပါဘူး။ နောက်ကြားသိရတာကတော့ သူ့မှာ notch ပါမလာတော့ဘူးပြောတယ်။ အဲ့တော့ အရှေ့ကင်မရာက ဘယ်လိုလာမှာလဲတော့ နည်းနည်းစိတ်ဝင်စားတယ်။ Punch hole လား၊ pop up လား၊ ဒါမှမဟုတ် in display ကင်မရာလားဆိုတာစောင့်ငြည့်ရတာပေါ့။ 2020 မတ်လရောက်ဖို့ဆိုတာ သိပ်လဲမလိုတော့ပါဘူး။
0 Comments