OPPO တို့ vivo တို့မှာအများဆုံးတွေ့ရတတ်တဲ့ mid range SoC ဖြစ်တဲ့ MediaTek ကုမ္ပဏီက mid range ဖုန်းတွေအတွက် 5G SoC တွေပြုလုပ်နေတယ်လို့ ကျွန်တော်တို့ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီ MediaTek ရဲ့ 5G SoC က 7nm node နဲ့ပြုလုပ်သွားမယ်လို့အခုတခါကြားသိရပြန်တယ်။ 7nm chip တွေကလောလောဆယ် flagship တွေမှာပဲတွေ့ရတာ အခု MediaTek က ဒီ 7nm 5G chip ကို mid range အတွက်လုပ်ပေးတော့မယ်ဆိုတော့ နောက်နှစ် OPPO နှင့် vivo ဖုန်းတွေတော့ စိတ်ဝင်စားဖို့ကောင်းပြီ။ ဒါပေမဲ့ 5G ပါရင်တော့ စျေးတော့ကြီးသွားမှာဖြစ်လို့mid range တွေမှာရော flagship တွေလို version နှစ်မျိုးနဲ့လာမှာလားမသိဘူး။