Huawei Mate 30 series 5G ကို အောက်တိုဘာလမှာ စတင်ရောင်းချတော့မယ့် အချိန်ကြေညာသွားစဉ်က 2019 ရဲ့နောက် foldable ဖုန်းဖြစ်တဲ့ Huawei Mate X ကိုလဲ တရုတ်ပြည်မှာတရားဝင် စတင်ရောင်းချမယ့်နေ့ပါကြေညာခဲ့ပါသေးတယ်။ ဒါပေမဲ့ Mate X က Kirin 980 နဲ့ပဲလာသေးတာမို့လို့ Huawei က Kirin 990 5G chip ပါတဲ့ Mate Xs ကို 2020 သုံးလပိုင်းမှာရောင်းချပေးမယ်ဆိုပြီး ထပ်ကြေညာလိုက်ပါသေးတယ်။
အဲ့တုန်းက teaser ပုံအရဆိုရင် ဒီ Huawei Mate Xs ရဲ့ ဒီဇိုင်းပိုင်းနဲ့အခြား specs တော်တော်များများကတော့ Mate X နှင့်တူပြီး Kirin 990 5G chipset ပြောင်းသွားတာပဲရှိတယ်လို့ထင်ရပါတယ်။ အသေးစိတ်ကိုတော့ ဒီနှစ်လိုမျိုးပဲ MWC 2020 မှကြေညာမယ်ထင်ပါတယ်။ MWC 2020 က ဖေဖဝါရီလ 24 စမှာဆိုတော့ သိပ်တော့မလိုတော့ဘူးဆိုတော့ စောင့်ကြည့်ရတာပေါ့။



0 Comments