ဒီ 2019 အကုန်မှာကြေညာမယ့် OPPO Reno3 series ထဲမှာမှ OPPO Reno3 Pro က 90Hz display နဲ့လာမှာသေချာသွားပြီ။ OPPO ရဲ့ တရုတ် website အရ OPPO Reno3 Pro မှာ Snapdragon 765G နှင့် မျက်နှာပြင်က ဘေးဘောင်အကွေးနဲ့ကို base model က 8GB 128GB နဲ့စပြီး နောက် option ကတော့ 12GB 256GB နဲ့လာမယ်လို့တွေ့ရတယ်။
OPPO Reno 3 ကလဲ သူ့အတိုင်းပဲ 8/128GB နှင့် 12/256GB လာမယ်လို့တွေ့ရတယ်။ သူ့ website အရဆို Reno3 လဲ 5G version လာမယ်လို့တွေ့ရတယ်။ နဂိုသိရငလောက်က Reno3, Reno3 Pro နှင့် Reno3 Pro 5G ဆိုပြီးလာမယ်ထင်နေတာ၊ အခု Reno3 လဲ 5G နှင့်လာမှာဆိုတော့ version လေးမျိုးနဲ့လာတော့မှာပေါ့။
ဒါပေမဲ့ Reno3 မှာတော့ 90Hz display ကိုမပြထားတော့ သူ့မှာမပါလာက်ဘူးထင်တယ်။ အရင်တခါကသေးသေးလေးတွေ့လိုက်သလိုပဲ Reno3 ကတော့ ရေစက် notch နဲ့လာမှာသေချာသွားပါပြီ။ နောက်ဖော်ပြထားတာဆိုလို့ Reno3 နှင့် Reno3 Pro နှစ်ခုစလုံး 4,025 mAh ဘက်ထရီပါမယ်ပဲတွေ့ရတယ်။ တခြားဘာတွေပါဦးမှာလဲကိုတော့ ဒီ ဒီဇင်ဘာလ 26 ရက်မှသိရမှာပေါ့။
source: OPPO website



0 Comments