ဒီအပတ်အင်္ဂါနေ့(ဒီမှာဆို ဗုဒ္ဓဟူးပေါ့)မှာပဲ Qualcomm က နောက်နှစ်စမတ်ဖုန်းတွေအတွက် SoC အသစ်တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးကတော့ flagship ဖုန်းတွေမှာသုံးမဲ့ Snapdragon 865 ပါပဲ။ နောက် SoC တစ်ခုကတော့ နောက်ပိုင်း gaming ဖုန်း (သို့) upper mid range တွေမှာတွေ့ရတဲ့ 730/730G ကိုဆက်ခံမဲ့ Snapdragon 765/765G ပါပဲ။ ဒီ chipset အသစ်နှစ်ခုလုံးကလဲ 5G ပါ support ပေးတယ်လို့ Qualcomm ကပြောပါတယ်(Chipset က 5G support ပေမဲ့ 5G modem ပါမှတာ 5G သုံးလို့ရမှာနော်)။ ဒီတော့ 2020 ကျရင် flagship တင်မကဘူး upper mid range တွေမှာလဲ 5G version ဖုန်းတွေကိုမြင်ရတော့မှာပေါ့။ နောက်နှစ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S11, Pixel 5, OnePlus 8, Galaxy Note 11, OPPO Reno(flagship) တို့တွေမှာ 865 နဲ့ 5G ဖုန်းတွေတွေ့ရတော့မှာပါ။ ဒီမှာ 5G စရောင်းရင်တော့ 5G ဖုန်းတွေဝင်လာနိုင်ချေရှိမယ်။
source: GSMArena