Samsung Galaxy S10e လိုမျိုးပဲ Galaxy Note 10 series မှာလဲ စျေးသက်သာတဲ့ Galaxy Note 10 ထွက်ဖို့ရှိတယ်လို့ Note 10 မထွက်ခင်က ကြားခဲ့ရပါတယ်။ အရင်ကတော့ သူ့ကို Note 10e (သို့) Galaxy A81 လို့ခေါ်ခဲ့ကြပေမယ့် နောက်ဆုံးသတင်းအရ Note 10 Lite လို့ခေါ်မယ်ဆိုပြီးကြားသိရတယ်။
ဒီ Galaxy Note 10 Lite မှာ 6.7 လက်မရှိတဲ့ Super AMOLED display ကို Note 10 လိုပဲ အလယ် punch hole နဲ့လာပြီး SoC က Exynos 9810 ရယ် ဘက်ထရီ 4,500 mAh ပါပြီး Note 10 Lite ဆိုတော့ S-Pen support လဲပါတာပေါ့။
ကင်မရာကတော့ Note 10 မှာသုံးထားတဲ့ triple camera setup ကိုပဲသုံးထားပြီး ဒီဇိုင်းမှာတော့ iPhone 11 နှင့် Pixel 4 လိုလေးထောင့်အထိုင်နဲ့လာမယ်လို့ leaks render တွေကနေသိရတယ်။ Note 10 Lite လို့ပြောပေမဲ့ in display fingerprint တော့ပါသေးတယ်။ ဒါပေမဲ့ ultrasonic တော့မဟုတ်ဘူး၊ Galaxy A series မှာတွေ့ရတဲ့ optical တွေပါပဲ။
သူက high end နှင့် mid range ကြားဆိုတော့ RAM က 6GB နှင့် storage က 128GB နဲ့လာပြီး external storage လိုချင်တဲ့သူတွေအတွက် microSD card slot ပါဦးမယ်။ စျေးနှုန်းကတော့ $700 ဝန်းကျင်လောက်ရှိမယ်ကြားတယ်။ သတင်းတွေအရတော့ သူ့ကိုဥရောပမှာ ဇန်နဝါရီလ 10ရက်နေ့ကြေညာမယ်ပြောတယ်။ 2020 ဆိုတာနောက်အပတ်ဆိုရောက်တော့မှာနော်။




0 Comments