Google က Android 10 ကိုစက်တင်ဘာလမှာ စတင်မိတ်ဆက်လိုက်ပေမဲ့ Google ဖုန်းတွေဖြစ်တဲ့ Pixel ဖုန်းတွေတာအရင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဖုန်းတွေက သူ့UI နဲ့သူလာတော့ အမြဲအနည်းငယ်ကြာကြတယ်။ Samsung ကတော့ မနှစ်က ဒီဇင်ဘာလမှာ One UI ကိုစတင်မိတ်ဆက်လိုက်ပြီး 2019 ဇန်နဝါရီလမှာမှ stable version ကိုရရှိတာပါ။။
ဒီနှစ်မှာတော့ ထူးထူးဆန်းဆန်း ဂျာမဏီမှာ Samsung Galaxy S10 တွေကို Android 10 stable version One UI 2 ကိုစပေးနေတယ်။ မနှစ်က One UI ရဲ့အစမို့လို့လားမသိဘူး ဒီနှစ် ဇန်နဝါရီလမှ Samsung Galaxy S9 နှင့် Note 9 တို့ကစရတာ။ India, UK, Spain နှင့် Poland က beta testers တွေလဲ stable version ကို upgrade လုပ်လို့ရနေပြီဆိုတော့ အခြား Galaxy S10, S10+ ဒါမှမဟုတ် S10e ရှိသူတွေ မကြာခင် မှာရတော့မယ်ဆိုတဲ့သဘောရှိတယ်။ Samsung Galaxy Note10 တော့နည်းနည်းနောက်ကျမယ်ကြားတယ်။
source: GSMAreana



0 Comments