သင်သုံးနေတဲ့ ကွန်ပျူတာမှာ ဒေတာ (Data)တွေ သိမ်းဆည်းရန်အတွက်
Storage တစ်ခု သို ့မဟုတ် နှစ်ခုပါတတ်ပါတယ်။ Storage တွေထဲမှာလည်း
Hard Disk Drive (HDD), Solid State Drive (SSD), Solid State Hybrid
Drive (SSHD), Network Attached Storage (NAS), USB Thumb Drive
(or) Flash Drive, Optical Drive (CD/ DVD), Cloud Storage အစရှိသည်ဖြင့်
Storage အမျိုးစားများစွာရှိပါသေးတယ်။ အဲ့ဒီ Storage အမျိုးစားတွေထဲမှာ
အဓိကအသုံးပြုတဲ့ Storage ကတော့ HDD သို ့မဟုတ် SSD ပါ။ တစ်ချို ့
မော်ဒယ်မြင့်တဲ့ စက်တွေမှာတော့ HDD & SSD နှစ်ခုမျိုးလုံးတွဲပါလာတတ်ပါတယ်။
(CD/ DVD Drive လည်းပါရင်တော့ သုံးမျိုးပေါ့။) HDD ကတော့ ဟိုးအရင်
ကတည်းက အသုံးပြုလာတဲ့ Storage ဖြစ်ပြီး အလုပ်လုပ်နွုန်းကလည်း
နေှးကွေးပါမယ်၊ SSD က အရမ်းမြန်ဆန်တဲ့ Storage တစ်ခုဖြစ်ပါတယ်။
မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ ရိုးရိုးသာမန် Storage HDD လား?
သို ့မဟုတ် အရမ်းမြန်ဆန်တဲ့ SSD လား? စစ်ဆေးနည်းတွေ ရှိပါတယ်။
1. Computer Box, User's Guide, Specification Sticker မှ စစ်ဆေးနည်း
ကွန်ပျူတာအသစ်ဝယ်ရင် ကွန်ပျူတာထည့်တဲ့ Box ပေါ်မှာ Specification တွေ
ရေးထားတတ်ပါတယ်။ ACER, ASUS Laptop တွေမှာတော့ Keyboard အောက်
နားလေးမှာ Specification Sticker ပေါ်ကနေ HDD လား (or) SSD လားဆိုတာ
စစ်ကြည့်နိုင်ပါတယ်။
2. Defragment and Optimize Drives ကနေ စစ်ဆေးနည်း
Windows Logo Key + R ကို တွဲနှိပ်ပြီး Run Box မှာ dfrgui ကို ရိုက်ထည့်၊
သို ့မဟုတ် ကွန်ပျူတာ Search Box မှာ Optimize , defragment တစ်ခုကို
ရိုက်ထည့် Defragment and Optimize Drives ကို ဖွင့်ပြီး Media Type
အောက်မှာ HDD လား (or) SSD လားဆိုတာ စစ်ကြည့်နိုင်ပါတယ်။
3. System Information ကနေ စစ်ဆေးနည်း
Windows Logo Key + R ကို တွဲနှိပ်ပြီး Run Box မှာ msinfo32 ကို ရိုက်ထည့်၊
သို ့မဟုတ် ကွန်ပျူတာ Search Box မှာ System Information ကို ရှာဖွင့်ပြီး
Components > Storage > Disks ရဲ ့ညာဘက်ခြင်းမှာ စစ်ကြည့်နိုင်ပါတယ်။
4. PowerShell ကနေ စစ်ဆေးနည်း
ကွန်ပျူတာ Search Box မှာ PowerShell ကို ရိုက်ရှာ၊ တွေ ့ရင် Right Clcik\
Run as administrator နဲ ့ဖွင့်ပြီး Get-PhysicalDisk ကို ရိုက်ထည့်ပြီး စစ်နိုင်ပါတယ်။
5. Model No နဲ ့Online ပေါ်ကနေ စစ်ဆေးနည်း
ကွန်ပျူတာမော်ဒယ် သို ့မဟုတ် Specification နဲ ့ဖြစ်စေ၊ Disk Management ကနေ
Storage Model No ကြည့်ပြီး Online ပေါ်ကနေလည်း စစ်ဆေးကြည့်နိုင်ပါတယ်။
6. Third Party Software တွေနဲ ့စစ်ဆေးနည်း
Speccy, CPUZ အစရှိတဲ့ နာမည်ရှိတဲ့ ဆော့ဝဲလ်တွေနဲ ့လည်း
ကွန်ပျူတာရဲ ့Storage က HDD လား (or) SSD လားဆိုတာ
အမှန်ကန်စစ်ဆေးနိုင်ပါတယ်။
7. ကွန်ပျူတာကို သင်ကျွမ်းကျင်သလို စစ်ဆေးလို ့ရတယ်။
သင်က ကွန်ပျူတာကို သာမန်အသုံးပြုသူလောက်မဟုတ်ပဲ System ပိုင်းတွေလည်း
ကျွမ်းကျင်တယ်ဆိုရင်တော့ BIOS, Registry, Gropu Policy, CMD တွေကနေလည်း
HDD လား (or) SSD လားဆိုတာ စစ်ဆေးကြည့်နိုင်မှာ ဖြစ်ပါတယ်။


0 Comments