Pocophone F1 ဆိုတာနဲ့လူတိုင်း ခန့်မှန်းမိကြတာက Price to Performance (PtoP) အဖြစ်ဆုံး Smart phone တစ်လုံးကိုပြေးမြင်မိကြမှာအမှန်ပါပဲ။Poco F1ဖုန်းမျိုးဘာလို့Xiaomiကဘာလို့ဆက်မထုတ်တာလဲ။ဘာလို့လက်တွန့်နေတာလဲဆိုတဲ့မေးခွန်းတွေကိုXiaomiကPoco F2နဲ့ပြန်ဖြေရှင်းပေးတော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကိုလည်းကြားမိကြမှာပါ။ 


နောက်ထပ် POCO နဲ့ ပတ်သက်ပြီးထွက်လာတာကတော့ POCO Brand က Xiaomi နဲ့ ပတ်သက်မှုမရှိပဲ Brand ခွဲတစ်ခုအနေနဲ့ သီးခြားထွက်လာမယ်ဆိုတဲ့ သတင်းပါ။ဒီသတင်းကိုတော့ Xiaomi India ရဲ့ အမှုဆောင်အရာရှိချုပ် Manu Kumar Jain က သူ့ရဲ့ twitter အကောင့်မှာ "POCO will now be an independent brand!" ဆိုပြီးတင်ခဲ့တာပါ။

Smart Phone လောကမှာနာမည်ကောင်းရခဲ့တဲ့ Pocophone F1 လိုပဲ ယခု 2020 မှာ Pocophone F2 ကရော ဘယ်လို Perfomance တွေဘယ်လို features တွေနဲ့ လူတွေကို ဆွဲဆောင်နိုင်ဦးမလဲ ဆိုတာကို လူတော်တော်များများက စိတ်၀င်စားနေကြပါတယ်။ ပုရိတ်သတ်ကြီးရော လာမယ့် Pocophone F2 ကိုဘယ်လိုမြင်လဲ။ ဘာတွေမျော်လင့်ထားလဲ ဆိုတာကို Comment မှာ ရေးပေးသွားကြပါ။Pocophone F2 ထွက်လာရင် မှန်းချက်နဲ့ နှမ်းထွက် ကိုက်မကိုက်ဆိုတာကို ဆက်ငြင်းခုန်ကြတာပေါ့။

Refer : GSMARENA