အပေါက်ဆိုရင် အားသွင်းပေါက်လေးပါမချန် ထည့်မပေးခဲ့တဲ့ VIVO ရဲ့ Apex 2019 ကိုတော့အားလုံးစိတ်၀င်စားခဲ့ကြမယ်ထင်ပါတယ်။ Screen to Body ratio 98% ၊ မျက်နှာပြင်အပြည့် လက်ဗွေစနစ် ၊ အပေါက်မပါတော့တဲ့အတွက် Speaker အစား vibrating screen ကိုအသုံးပြုပြီး အသံထွက်တဲ့ နည်းပညာကိုအသုံးပြုပေးထားတဲ့ VIVO Apex 2019 ကိုတွေ့ခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်လည်း VIVO က "Empower the Next" ဆိုတဲ့ ကြော်ငြာဆောင်ပုဒ်နဲ့ အတူ ထုတ်ဖော်ချက်လေးတွေကို ရေးသားလာပါတယ်။
VIVO Apex 2019 တုန်းက လုပ်ပြသွားတဲ့ အောချရလောက်တဲ့ နည်းပညာတွေကို ရှုစားပြီးပြီဆိုတော့ လာမယ့် MWC20(Mobile World Congress 2020) မှာ VIVO က Apex 2020 နဲ့ပတ်သက်ပြီးဘာတွေချပြသွားဦးမလဲ။ တခြား နည်းပညာအသစ်တွေကိုရော VIVO ဖက်က ဘယ်လိုတွေပြင်ဆင်ထားသလဲဆိုတာကိုတော့ February 23 / 24 Mobile World Congress မှာ ပြသသွားမှာဖြစ်ပါတယ်။
Refer: GSMARENA




0 Comments