Online ပေါ်မှ လေ့လာသင်ယူရန် အကောင်းဆုံး Learning Application များ
=================================

Education ဆိုတာ ဘယ်တော့မှ လေ့လာမကုန်နိုင်တဲ့ အရာပါ။ အရင်တုန်းက ပညာတခုခုကို သင်ချင်ပီဆို ကိုယ့်ကို သင်ကြားပို့ချပေးမည့် ဆရာကို ရှာရ။ စာအုပ်တွေ ရှာဖတ်ရနဲ့ အချိန်တွေကို ရင်းနှီးမြှပ်နှံရသလောက် လက်ရှိ IT ခေတ်လဲ ရောက်လာသောအခါ မိမိသင်ချင် တက်ချင်သည့် ဘာသာရပ် အကြောင်းအရာတွေကို ကြိုက်သည့်နေရာ ကြိုက်သည့်အချိန်ကို ရွေးချယ်ပီး သင်ယူနိုင်သည့် Website တွေ Online App တွေအများအပြား ထွက်ပေါ်လာပါပြီ။

(Mobile User တွေများတဲ့အတွက်ကြောင့် App အနေနဲ့ သုံးနိုင်တဲ့ Learning website တွေ အဓိက ထည့်သွင်းပေးထားပါတယ်နော်)
___________________________________________________
# Udacity
Free courses ပေါင်းများစွာရှိပီး မိမိနှစ်သက်တဲ့ နောက်ဆုံးပေါ နည်းပညာပါမကျန် လေ့လာနိုင်သော Website ကောင်းတခု။
Free courses တွေရှိသလို အခကြေးငွေဖြင့်  Certificate ရတဲ့အထိ လေ့လာသင်ယူနိုင်သော Courses များစွာကို ထားရှိထားသော Website ဖြစ်သည်။
အထူးသဖြင့် Digital Age ဖြစ်တဲ့အတွက် Applied လုပ်နိုင်တဲ့ IT နည်းပညာများကို စာတွေ့အရကော Video နည်းပညာနှင့်ပါ သင်ကြားပေးသော application ဖြစ်ပါသည်။
Web : https://www.udacity.com/
App : https://play.google.com/store/apps/details?id=com.udacity.android
___________________________________________________
# edX
အမိုက်စား online learning apk တခုထဲက တခု။
တော်တော်များများကို Free ပေးထားပီး course ပေါင်း ၁၈၀၀ ကျော်ကျော်နဲ့ ဖွဲ့စည်းထားသည့် MIT နဲ့ Harvard University တို့မှ ပူးပေါင်း ဖန်တီးထားသည့် Learning App အကြမ်း။
Admin ကိုတောင် နှစ်သက်သဘောကျမိတဲ့ apk ပါ။ ဘာလို့လဲဆိုတော့ edX မှာ ရိုးရှင်းသင်ယူဖို့လွယ်တဲ့ courses တွေကို Video တွေ interactive learning style တွေနဲ့ ဘာသာရပ်တိုင်းရဲ့ အခြေခံကျတဲ့ အရာတွေ အချိန်တိုအတွင်းမှာ သင်ယူတတ်မြောက်နိုင်တဲ့ app တခုပါ။
Web : https://www.edx.org/
App : https://play.google.com/store/apps/details?id=org.edx.mobile
___________________________________________________
# Ted
ပြောစရာမလိုတဲ့ TED talk တွေစုစည်းပေးထားတဲ့ App ပါ။
Admin သဘောကျမိဆုံးအချက်တခုက ဟောပြောပေးသူတွေရဲ့ ရေလည်လန်းတဲ့ idea တွေ ဖြေရှင်းနည်းတွေ စဉ်းစားပုံတွေ ဘဝအတွေ့အကြုံတွေကို Update အထိ ကြည့်ရှုနားထောင်လို့ကောင်းတဲ့ Topic ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ Platform တခုပါ။
ညတိုင်း တပုဒ်ကိုသာ နားကျပ်လေးတက်ပီး နားထောင်ကြည့် Admin အပိုမပြောဘူးဆိုတာ သိလာလိမ့်မယ်။
Web : https://www.ted.com/
App : https://play.google.com/store/apps/details?id=com.ted.android
___________________________________________________
# Khan Academy
သင်ဟာ Practice လုပ်ချင်တယ် Tutorials တွေ ဖြေချင်တယ် ကိုယ့် အရည်အသွေးကိုလေ့လာပီး ဆန်းစစ်ချင်ရင် ဒီ Khan Academy App က သင့်အတွက် အကောင်းဆုံး online app ကောင်းတခုပါ။
Courses ပေါင်း ၄၀၀၀ အထက်ရှိပီး သင်ယူလို့ကောင်းတဲ့ environment ကောင်းတခုပါ။
Web : https://www.khanacademy.org/
App : https://play.google.com/store/apps/details?id=org.khanacademy.android
___________________________________________________
# Duolingo
ဒီခေတ်က ဘာသားစကားတခုထဲနဲ့ မလုံလောက်တော့ဘူး။ နှစ်ခု ၃ ခုတက်မှ အဆင်ပြေမှာဖြစ်တဲ့အတွက်
ဝါသနာအရပဲ သင်ချင်ချင် တက်လမ်းတခုအနေနဲ့ပဲ သင်ချင်ချင် ဒီ Duolingo က အကောင်းဆုံး Free ဘာသာစကား သင်ယူဖို့ လွယ်ကူတဲ့ Apk တခုပါ။
လက်ရှိ Admin တော့ Chinese နဲ့ Thailand သင်နေတယ်။ ငိငိ ညီဟောင် ဆော်တီးခ 😜
Web : https://www.duolingo.com/
App : https://play.google.com/store/apps/details?id=com.duolingo
___________________________________________________
# Coursea
ဒါကတော့ ပြောစရာမလိုတဲ့ နာမည်ကြီး Learning App ပါ။
သင်ယူဖို့စိတ်ဝင်စားစရာကောင်းတဲ့ အလန်းစား ဘာသာရပ်တွေကို စုစုစည်းစည်း တင်ပြပေးထားပါတယ်။
ဘာကြောင့် အလန်းဆုံးဖြစ်နေရသလဲဆိုတော့ နာမည်ကြီး Universities တွေ အဖွဲ့အစည်းတွေနဲ့ပါ Partner လုပ်ပီး သင်ပြပေးထားတဲ့အတွက် တကယ့် အနှစ်တွေပဲ သင်တဲ့ App အလန်း အကြမ်းတခု။
Web : https://www.coursera.org/
App : https://play.google.com/store/apps/details?id=org.coursera.android
___________________________________________________
# Lynda
သင်ဟာ Linkedin သုံးတဲ့ သူဆိုရင် Lynda.com နဲ့ အကျွမ်းတဝင်ဖြစ်မိမှာ အမှန်ပါ။
Carrer တခုအတွက် အရေးပါတဲ့ ဘာသာရပ်မှန်သမျှစုစည်းထားတဲ့ App ဖြစ်တဲ့အတွက် အချိန်ကုန် လူပင်ပန်းသက်သာစေတဲ့ App ကောင်းတခုဖြစ်ပါတယ်။
Web : https://www.lynda.com/
App : https://play.google.com/store/apps/details?id=com.lynda.android.root
___________________________________________________
# Sololearn
Programming Language တွေဖြစ်တဲ့ C++, web development,Python, Java ကို စသင်နေတဲ့သူဖြစ်ဖြစ် Advance လေ့လာသူပဲဖြစ်ဖြစ် install လုပ်ပီး တချက် ဝင်ကြည့်သင့်တဲ့ App ပါ။
ခက်ခဲတဲ့ ဘာသာရပ်ကို အပိုင်းတွေပိုင်းပီး အချိန်တိုအတွင်း သိမြင်နိုင်အောင် ထောက်ပံပေးနိုင်တဲ့ Sololearn App ဖြစ်ပါတယ်။
Web : https://www.sololearn.com/
App : https://play.google.com/store/apps/details?id=com.sololearn
___________________________________________________
# Udemy
သူကျ သူများနဲ့မတူတဲ့ Learning App.
Online Learning App ဖြစ်ပေမယ့် Professional လူလတ်ပိုင်းကို အာရုံစိုက်ပေးထားတဲ့ App ပါ။
ဘာမတူသလဲ ဆိုရင် ဘယ်သူမဆို မိမိတို့ရဲ့ Knowledgeနဲ့ ကျွမ်းကျင်မှုကို ဒီ Platform မှာ ဖန်တီးနိုင်ပီး တခြားစိတ်ဝင်စားတဲ့ ဘယ်သူမဆို အခကြေးငွေ တခုဖြင့် တက်ရောက်ကျသည့် App။
ဘာနဲ့သွားတူသလဲဆိုရင် ကျူရှင်တို့ သင်တန်းလေးတို့ Guide တို့ပုံစံမျိုးနဲ့ လက်တွေ့ဆန်တဲ့ Apk ကောင်းတခုပါ။
Web : https://www.udemy.com/
App : https://play.google.com/store/apps/details?id=com.udemy.android
___________________________________________________
# You Tube
ပြောစရာမလိုတဲ့ Admin တို့ရဲ့ အသဲစွဲပါ။
အရှေ့ဟာတွေ သိပ်ခေတ်မစားမီထဲက သင်ယူချင်တဲ့ဟာကို ကြည့်ရှုလေ့လာနိုင်တဲ့ တကယ့် လေ့လာလို့မကုန်နိုင်တဲ့ App ပါ။
Web : https://www.youtube.com/
App : https://play.google.com/store/apps/details?id=com.google.android.youtube
___________________________________________________
# Google
ဒါကတော့ နောက်ဆုံး။
ဘာပဲသိချငိချင် ဘာပဲတတ်ချင်ချင် Googling လုပ်တတ်ရင် ကိုယ်သင်ယူနေတဲ့ ဘာသာရပ်ကို ကျားအတောင်တပ်ပေးသလိုဖြစ်စေတဲ့ Search Engine Platform ကြီးပါ။
Web : https://www.google.com/