VPN Server ဆိုတာ ?

ကဲ VPN Server ဆိုတာဘာလဲတဲ့... VPN Server ဆိုတာဘာဖြစ်မယ်လို့ ထင်သလဲ VPN ရဲ့ အရှည်ကောက်ကတော့ Virtual Pruirate Network လိို့ခေါ်တယ်။ Virtual Private Network ဆိုတော့ Myanmarr လိုဘာသာပြန်မယ် ဆိုရင် ကိုယ်ပိုင် Network အတုရောင်လို့ခေါ်မှာပေါ့.......ကဲ VPN Server ကိုဘယ်လိုအသုံးပြုကြမလဲ ......VPN Server ရဲ့အသုံးပြုပုံကို ကျွန်တော် မပြောပြခင်မှာ VPN Server ကိုဘယ်လိုနေရာမျိုးမှာအသုံးပြုသင့်သလဲဆိုတာကို အရင်ရှင်းပြပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ အရေအတွက််ဟာ အလွန်တရာမှ မရေတွက်နိုင်လောက်အောင် ကို များပြားလွန်လှပါတယ်။ အဲဒီလို Computer တွေများကြီး Network ချိတ်ထားရတဲ့ အဓိကအကြောင်းအရာကတော့ Data တွေ Information တွေ နည်းပညာတွေဖလှယ်ဖို့ရန် အတွက် Network ချိတ်ထားကြတာ မဟုတ်လား ....ကဲကျွန်တော်တို့တတွေ Computer တွေကို အဆောက်ဦးတစ်ခုအတွင်းထဲမှာပဲ Network ချိတ်ထားပြီး Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်မယ်ဆိုရင် လွယ်လင့်တကူ ဖလှယ်လို့ရတယ်လေ ဒါပေမယ့်နေရာဒေသတွေတစ်နေရာနဲ့တစ်နေရာ အလွန်ေ၀းကွာလှတဲ့ Computer တွေတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ပြီး Data တွေဖလှယ်ဖို့ဆိုရင်တော့ မလွယ်ကူတော့ဘူးပေါ့။ ဥပမာ အနေနဲ့ပြောရရင် မြန်မာပြည်မှာရှိတဲ့့ Computer တစ်လုံးနဲ့ စင်္ကာပွုမှာ ရှိတဲ့ Compuer တစ်လုံး သူူတို့အချင်ချင် Network ချိတ်ဆက် Data တွေကို ဖလှယ်ချင်တယ်ဆိုရင် ပုံမှန်ကျွန်တော်တို့ တတွေ အဆောက်ဦးတစ်ခု အတွင်း အခန်းတစ်ခန်းအတွင်မှာ Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်ဖို့အတွက် Network ချိတ်ဆက်တာနဲ့တော့ ဘယ်တူမလဲဗျာ။ အဲဒီလို အရမ်းေ၀းကွာလှတဲ့ နေရာတွေမှာ Network ချိတ်မယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ချိတ်ဆက်ရမလဲဆိုတာ စဉ်းစားစရာတစ်ခုဖြစ်နေပြီပေါ့နော် .........သိပ်လည်းစိတ်မပွုပါနဲ့ဗျာ Internet ရှိတယ်လေ အဲဒီ Internet Connection ကြိိိိီးကို အသုံးချပြီး VPN ဆိုတဲ့ Virtual Private Network Connection VPN ကြီးကို ထိုုင်လိုက်မယ်ဆိုရင် အရမ်းေ၀းကွာလှတဲ့ Computer တွေဟာတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ပြီး Data တွေဖလှယ်လို့ရသွားပါလိမ့်မယ်။ ကဲ ရှင်းပြလိုက်တာကို သဘောပေါက်လားခင်ဗျ။

VPN (Virtual Private Netwok)

VPN ဆိုတာ Virtual Private Netwok ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ယခုအခါ ကုမ္ပဏီများစွာတို့သည် Network အတွင်းရှိ Resources များဖြစ်သော Web Serverများ၊ Exchange Server များကို ကုမ္ပဏီအတွင်းရှိ User များမှသော်လည်းကောင်း၊ ပြင်ပရောက်ရှိနေကြသော ၀န်ထမ်းများမှသော်လည်းကောင်း ၀င်ရောက်သုံးစွဲနိုင်ရန် ဖန်တီးပေးလာကြပြီ ဖြစ်သည်။ ၎င်းနေရာတွင် Web Serverနှင့် Exchange Serverများ၏ အကြောင်းအရာနှင့် သဘောတရားများကို ဖော်ပြပေးပါ့မယ်။ Web Server မှာ တနည်းအားဖြင့် Web object များကို သိမ်းဆည်းပေးထားပြီး Client များမှ တောင်းဆိုလာသော (HTTP object) များကို ပြန်လည်၍ ဖန်တီးပေးခြင်းကို ပြုလုပ်ပေးသည်။ အကယ်၍ မိမိ၏ Network အတွင်း၌ Web Server များကို ဖန်တီးထားပါက ၎င်း Server အတွင်းရှိ Web object များကို ပြင်ပ Network ရှိ User များနှင့် မိမိ Network အတွင်းရှိ User ၏ Web agent ဖြစ်သော Browser များမှ တဆင့် တောင်းဆိုလာသော HTTP (Hyper Text Transfer Protocol) object များကို ပြန်လည်၍ ဖန်တီးပေးသည်။ ၎င်းအချက်အလက်များသည် Web Server ၏လုပ်ဆောင်ချက် သဘောတရားများပင်ဖြစ်သည်။

Exchange Server ၏ လုပ်ဆောင်ချက်တွေကတော့ Mail Service အတွက် ဖြစ်သည်။ Exchange Server မှ ဖန်တီးပေးနိုင်တဲ့ Mail Service တွေကတော့ Web Mail, E-mail စတဲ့ Mail Service တွေကို ပေးနိုင်ပါတယ်။ နောက်ပြီး Exchage Server သည် Mail box user များကိုလည်း အသေးးစိတ် Permission များ သတ်မှတ်ပေးနိုင်ပါတယ်။ Exchange Server မှ ဖန်တီးပေးထားသော Mail Service များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၎င်းတို့မှာ........

(၁) Web Mail

(၂) NNTP

(၃) E Mail

(၄) H.400

မိမိ၏ Network အတွင်း၌ ထိုကဲ့သို့သော Exchange Server, Web Server နှင့် FTTP Server ကဲ့သို့ တစ်ခြားသော Server များအား ပြင်ပ Network မှ User များ လွယ်လင့်တကူ လုံခြုံစိတ်ချစွာ Internetwork မှ တဆင့် သုံးစွဲနိုင်ရန် ဖန်တီးပေးနိုင်ခြင်းကို VPN Connection ဟု ခေါ်သည်။ VPN Network အား တစ်နည်းအားဖြင့် အပိုင်း (၂) ပိုင်း ခွဲခြားထားသည်။ ၎င်းတို့ှမှာ VPN Client ( Remote access user) နှင့် VPN Site-To-Site ဟူ၍ ဖြစ်သည်။ ၎င်း VPN Site-To-Site အား တစ်နည်းအားဖြင့် VPN Gateway-To-Gateway (or) VPN Server-To-Server ဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ၎င်း VPN Network ၌ VPN Client တစ်နည်းအားဖြင့် Remote access user များသည် ၎င်းတို့၏ သက်ဆိုင်ရာ Server များအား ပြင်ပတစ်နေရာဖြစ်သော Internetwork မှ VPN Client များ အသုံးပြုနိုင်သော Device သို့မဟုတ် Software များမှတဆင့် VPN gateway ကို အသုံးပြုကာ ၀င်ရောက် သုံးစွဲခြင်းကို ဆိုလိုပါသည်။ ၎င်းသည် VPN client များ၏ အသုံးပြုပုံ ဖြစ်သည်။ နောက်ထပ် VPN Network အတွင်း၌ ပါ၀င်သော Service တစ်ခုမှာ VPN Site-To-Site ပင် ဖြစ်သည်။ ၎င်း VPN Site-To-Site Connection သည် VPN Network အား တစ်ခုထက်မက ပိုမို ချိတ်ဆက် ပေးနိုင်သည်။ တစ်ခြား VPN Site-To-Site Connection ၏ လုပ်ဆောင်ချက်များမှာ - (၁) ပြင်ပ Network မှ ၀င်ရောက်အသုံးပြုမည့် VPN Client (Remote user) များအတွက် Network အတွင်းရှိ Resource များကိို အသုံးပြုနိုင်ရန် ဖန်တီးပေးခြင်း၊ (၂) ၎င်း၀င်ရောက်သုံးစွဲမည့် Client တစ်ဦးချင်းစီအတွက် Password များ ဖန်တီးပေးနိုင်ခြင်း၊ (၃) တစ်ခြားသော VPN Network များနှင့် ထပ်ဆင့်ချိတ်ဆက်ပေးနိုင်ခြင်း၊ (၄) VPN Netwok များအား Internetwork မှ တပ်ဆင် အသုံးပြုနိုင်ရန် လုံခြုံစိတ်ချစွာ ဖန်တီးပေးနိုင်ခြင်း၊ (၅) VPN Network အတွင်း၌ အသုံးပြုသည့် Data များအား Encrypt ပြုလုပ်ပေးနိုင်ခြင်း စသည်တို့ ဖြစ်သည်။ ၎င်းအချက်အလက်များသည် VPN Network အတွင်း၌ရှိသော VPN Client (Remote access user) နှင့် VPN Site-To-Site Network တို့၏ သဘောတရားနှင့် လုပ်ဆောင်ချက်များပင် ဖြစ်သည်။